4 May 2024

,

လူမျိုးရေးခွဲခြားတဲ့ပရိတ်သတ်တွေရှိတဲ့နိုင်ငံတွေကို ပြိုင်ပွဲတွေကနေ ထုတ်ပယ်ပစ်ဖို့ ဂရတ်ဘေးလ်တိုက်တွန်း

■ရီးရဲမက်ဒရစ်အသင်းနဲ့ ဝေးလ်စ်ကစားသမားဖြစ်တဲ့ ဂရတ်ဘေးလ်က လူမျိုးရေးခွဲခြားတဲ့ပရိတ်သတ်တွေရှိတဲ့ နိုင်ငံတွေကို ပြိုင်ပွဲတွေကနေ ထုတ်ပယ်ပစ်ဖို့အတွက်ကိုတိုက်တွန်းပြော ကြားခဲ့ပါတယ်။

ဒီလိုမျိုးလူမျိုးရေးခွဲခြားတဲ့ပရိတ်သတ်တွေရှိတဲ့နိုင်ငံတွေကို ထုတ်ပယ်ခြင်းကနေပြီးတော့ အဲ့ဒီပရိတ်သတ်တွေ အတွက်သင်ခန်းစားကောင်းကောင်းရရှိနိုင်မယ်လို့ ဂရတ်ဘေးလ်ကယုံကြည်နေတာဖြစ်ပြီးတော့ ဒီလိုစည်းမျဉ်း တွေကိုကျင့်သုံးဖို့အတွက် ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲတဲ့ကြသပတေးနေ့က ကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ဟန်ဂေရီအသင်းတို့ပွဲစဉ်မှာ အင်္ဂလန်အသင်းသားတွေဖြစ်တဲ့ စတာလင်နဲ့ ဘီလင်ဂရမ်တို့ဟာ ဟန်ဂေရီပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု ကိုပြင်းပြင်းထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ရှက်ရွံ့ကြောက်မက်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဒါကို အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးစရာကိုမလိုတဲ့အကြောင်းကို ဘေးလ်းကပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီဖြစ်ရပ်က သိသာထင်ရှားတဲ့လူမျိုးရေးခွဲခြားမှုတစ်ခုပါ။ ဒါကိုဘယ်လောက်ကြာတဲ့အထိစုံစမ်းစစ်ဆေးနေဦး မှာလဲ။ တကယ်တော့ လူမျိုးရေးခွဲခြားမှုကိုထပ်တလဲလဲကျူးလွန်နေတဲ့ ပရိတ်သတ်တွေရှိတဲ့နိုင်ငံတွေကို ပြိုင်ပွဲ တွေကနေ ထုတ်ပယ်ပစ်တဲ့ပြစ်ဒဏ်က အသင့်တော်ဆုံးပါပဲ။ ဒါဆို အဲ့ဒီပရိတ်သတ်တွေက သင်ခန်းစာ ကောင်းကောင်းရသွားပါလိမ့်မယ်” လို့ ဂရတ်ဘေလ်းကပြောကြားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဝေးလ်စ်အသင်းအနေနဲ့ လူမျိုးရေးခွဲခြားခံခဲ့ရပါက သူ့အနေနဲ့ ပွဲကိုဆက်မကစားဘဲ ကွင်းထဲကနေ ထွက်ခွာသွားပြီးတုန့်ပြန်ဖို့အတွက် ဆုံးဖြတ်ထားတယ်လို့လည်း ဘေးလ်က ပြောကြားခဲ့ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS