29 April 2024

ဒီကနေ့မနက် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နမစားရစ်ရွာကနေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြထားပါတယ်။ ရွာထဲကနေအိမ်တွေ မီးမလောင်ခင် ဖေဖော်၀ါရီလ ၂၅ ရက် မနက် ၅ နာရီခန့် စစ်ကောင်စီတပ်တွေက ရွာထဲကိုလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ထိုနောက်ရွာထဲကို၀င်ရောက်လာပြီး မီးရှို့ဖျက်စီးတာတွေလုပ်တယ်လို့ သိရပါတယ်။

.

” မနက် ၆ နာရီ ဝန်းကျင်မှာစပြီး ရွာကို မီးတင်ရှို့နေတယ်။ ရွာသားတွေတော့ အားလုံး ထွက်ပြေးနေရတယ်”လို့ အမည်မဖော်လိုတဲ့ ဒေသခံ ၁ ဦးကပြောပါတယ်။

.

ရွာထဲမှာ မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေ အိမ်ခြေဘယ်လောက်မီးလောင်ပျက်စီးသွားပြီလဲဆိုတာ ရွာထဲကနေထိုင်ကြတဲ့ပြည်သူတွေပြည်သူတွေ ထွက်တိမ်းရှောင်နေရတာကြောင့် ခန့်မှန်းလို့မရသေးဘူးလို့ ဆက်ပြောပါတယ်။

.

ပုံစာ – မီးရှို့ခံနေရသည့် နမစားရစ်ရွာ

Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ…..!

.

Twitter : https://bit.ly/3gGOuaL

Instagram : https://bit.ly/3HPR8a3

TikTok : https://bit.ly/3oLirLd

Youtube : https://bit.ly/34F5F9Z

.

ဓါတ်ပုံ – แตงโม ภัทรธิดา

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS