14 May 2024

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ်၊ နာဘော့ရွာတွင် ပွဲစားစွန့်ပစ်ထားတဲ့ မြန်မာ ၉၁ ဦးကို ထိုင်းအာဏာပိုင်တွေက ယနေ့ ဇန်နဝါရီလ ၃၁ ရက် တွင် တွေ့ရှိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေ ရောက်ရှိလာချိန်မှာတော့ စွန့်ပစ်ခံထားရတာ ၁၅ ရက်လောက်ရှိပြီဖြစ်တဲ့အတွက် သူတို့တွေဟာ ငိုပြီး အကူအညီတောင်းခံခဲ့ကြတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

 

 

 

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ကျား ၄၃ ဦး၊ မ ၄၈ ဦးတို့ကို မေးမြန်းကြည့်တဲ့အခါ သူတို့ဟာ ထိုင်းကို လာဖို့အတွက် ပွဲစားကို တစ်ဦးလျင် ဘတ် ၂၅,၀၀၀ – ၃၉,၀၀၀ ထိပေးခဲ့ရတယ်လို့ဆိုပါတယ်။ ပွဲစားဟာ သူတို့ကို လမ်းပြဖြင့် သောင်းရင်းမြစ်ကနေ ထိုင်းဘက်ခြမ်းထိ ခေါ်လာပြီး အဆိုပါခြံထဲရောက်တဲ့အချိန် စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ စွန့်ပစ်ခံခဲ့ရတဲ့ ၁၅ ရက်အတွင်းမှာ ပါလာတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကိုသာ ဝေမျှပြီး စားသောက်ခဲ့ရတယ်လို့ အဲဒီထဲကတစ်ဦးကဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဝင်ရောက်ဖမ်းဆီးခဲ့ချိန် ၉၁ ဦးလုံးဟာ ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တာ့ခ်ခရိုင်ရဲစခန်းတွင် သူတို့အားလုံးကို အစေားအသောက်များစီမံထားပေးကာ နေရပ်ပို့ဆောင်ရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ရဲမှုးကဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS