28 April 2024

နိုင်ဝင်ဘာ ၄ ရက်၊ ၂၀၂၂

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးတောင်တက်လမ်းတွင် လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူး ၃ ဦး သေဆုံးမှုဖြစ်ပွားခဲ့ပြီနောက်ပိုင်း ကျိုက်ထီးရိုးကို ဘုရားဖူးတွေလာရောက်ခြင်းမရှိတော့တာကြောင့် တိတ်ဆိတ်နေတဲ့မြင်ကွင်းကို လွန်ခဲ့တဲ့ရက်အနည်းမှာ လူမှုကွန်ရက်ပေါ်တွင်မြင်တွေ့ခဲ့ရပါတယ်။

ထိုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတွင် ဘုရားဖူးများဖြင့် ပြန်လည်စည်ကားစေရန်အတွက် စစ်ကောင်စီက နိုဝင်ဘာလ ၃ ရက်နေ့နှင့် နိုဝင်ဘာလ ၄ ရက်နေ့တို့တွင် တည်းခိုခန်းအားလုံးအခမဲ့နှင့် ယာဉ်စီးခ အားလုံး အခမဲ့ စီစဉ်ထားကြောင်းသိရပါတယ်။

ယခင်က ကျိုက်ထီးရိုးတောင်ပေါ် ဘုရားဖူးလာသူ ကြိတ်ကြိတ်တိုးရှိခဲ့ရာနေ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးတဲ့သတင်းကြောင့် ဘုရားဖူးလာသူ ကျိုးတိုးကျဲတဲလေးတွေတော့ လာကြတယ်။ ဘုရားရင်ပြင်မှာတော့ ဟိုနားလေး တစ်စု၊ ဒီနားလေးတစ်စုပဲရှိတယ်လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

အဲဒါကြောင့် ယခုရက်ပိုင်းတွင် ကျိုက်ထီးရိုးဘုရားလာဖူးသူများကို နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဥ်များအသင်းက ကင်မွန်းစခန်းမှ ဘုရားရင်ပြင်တော်အထိ အခမဲ့ပို့ဆောင်ပေးခြင်း၊ ရင်ပြင်တော်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်အပါအဝင် ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဂေါပကအဖွဲ့ပိုင် သာသနိကအဆောက်အအုံတို့တွင် အခမဲ့တည်းခိုနိုင်ခြင်းနဲ့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ဂိတ်နှင့် ရင်ပြင်တော်တို့တွင်လည်း စတုဒီသာ ကျွေးမွေးရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။

Photo- CJ

SHARE THIS NEWS

OTHER NEWS