5 May 2024

ထိုင်းနိုင်ငံအနောက်ပိုင်း ပရာကျွပ်ခရိုင်တွင် တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသည့်မြန်မာ ၂၉ ဦးကို ဖမ်းဆီး။

 

ထိုင်းနိုင်ငံအနောက်ပိုင်း ပရာကျွပ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ရန်ကြိးစားသည့် မြန်မာ ၂၉ ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းတော်ဝင်တပ်မှထုတ်ပြထားသည်။

 

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၀ ဦးနှင့်အမျိုးသမီး ၉ ဦးပါဝင်နေပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်ခရိုင်တွင် အလုပ်လုပ်ရန်အတွက် ပွဲစားခ တစ်ဦးလျှင် ၁၈,၀၀၀ ဘတ် အကုန်ကျခံပြီး အရဲစွန့်လာသူများဖြစ်သည်ဟုဖော်ပြထားသည်။

 

အဆိုပါဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တွင်နေထိုင်ကြသူများဖြစ်သည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS