10 May 2024

ဇွန် ၁၆ ရက်၊ ၂၀၂

နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ ဗန်ကောက်မြို့မြန်မာသံရုံးရှေ့တွင် လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေ စနစ်တကျတန်းစီမှုမရှိခြင်း၊ အမှိုက်များကို စနစ်တကျမစွန့်ပစ်ခြင်းတို့ကြောင့် ဘန်ရတ်မြို့နယ် ဗန်ကောက်မြို့ စည်ပင်သာယာရေးဌာနက မြန်မာသံရုံးထံ ၁၉/၀၅/၂၀၂၂ တွင်အကြောင်းကြားစာပေးပို့လာပါတယ်။

အဲဒီစာထဲမှာတော့ မြန်မာနိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများအနေဖြင့် စနစ်တကျ တန်းစီခြင်း၊ အမှိုက်များအား အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်ခြင်း၊ လမ်းသွား/လမ်းလာ များအား ရှောင်တိမ်းပေးခြင်း၊ အခြားသူများ၏ ခြံဝန်းရှေ့၌ စိုက်ထားသော သစ်ပင်များ မပျက်စီးစေရန် ဂရုပြုခြင်းတို့ကို ထိုင်းနိုင်ငံ၊ စည်ပင်သာယာရေးအဖွဲ့၏ စည်းကမ်းများနှင့် အညီ တစ်ဦးချင်းလိုက်နာကြရန် ဖော်ထားပါတယ်။

SHARE THIS NEWS

OTHER NEWS