11 May 2024

—————–

ဗန်ကောက် ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃

ဒီကနေ့ မနက်မှာ ကားတစ်စီးတိမ်းမောက်တယ်ဟု ထိုင်းနိုင်ငံ ဖထလွန်ရဲစခန်းကိုအကြောင်းကြားလာ၍ အခင်းဖြစ်တဲ့နေရာကိုထိုင်းရဲတွေသွားရောက်ခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။

ကားမောက်တဲ့နေရာက ဖထလွန်-ဟတ်ယိုင် အာရှလမ်းမ၊ မူ ၅ ထာ့ခဲကျေးရွာအုပ်စု ဖထလွန်ခရိုင် ဖထလွန်မြိုံနယ်တွင်ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာတော့ Isuzu အဖြူရောင် ကားအမျိုးအစား နံပါတ်မှာ ၉၁၆၆ ပရာချွတ်ခီရီခန်ခရိုင် ဟာ လမ်းမအလယ်မှာတိမ်းမောက်နေတာဖြစ်ပြီး၊ နီးနားမှာတော့ လက်ကျိုးဒဏ်ရာနဲ့ အကူညီရရှိရန်စောင့်နေတဲ့ ထိုင်းလိုမပြောတဲ့ သူတစ်ဦးကိုတွေ့ရှိခဲ့ကာ သူ့ကိုဆေးရုံပို့ဆောင်ပေးလိုက်တယ်ဟု ရဲစခန်းထံကသိရပါတယ်။

ကားမောက်ပြီးတာနဲ့ ပါလာတဲ့ အမျိုးသား၊ အမျိုသမီးတွေကအုပ်စုလိုက်ထွက်ပြေးသွားတာတွေ့တယ်ဟု မျက်မြင်တွေ့သူတွေက အခင်းဖြစ်တဲ့နေရာကို ရောက်ရှိလာတဲ့ ရဲတွေကိုပြောပြပါတယ်။

အဲဒီနောက် ထိုင်းရဲတွေက လူအုပ်စုကြီးထွက်ပြေးနေတဲ့နေရာကို ခြေရာခံလိုက်ရင်း ကားတိမ်းမောက်တဲ့နေရာရဲ့ ၅၀၀ မီတာအကွာရှိ မြောင်းထဲမှာပုန်းနေတာတွေ့လို့ ခေါ်ယူစစ်ဆေးချိန် လူ ၂၈ ယောက်မှာ တစ်ယောက်မှထိုင်းလိုမပြောတတ်ဘဲ၊ မှတ်ပုံတင်ကို အဂ်လိပ်လိုပြောပြီး တောင်းကြည့်တော့ မြန်မာမှတ်ပုံတင်တွေ တွေ့ရတယ်ဟု ဖထလွန်သတင်းက ဖော်ပြထားပါတယ်။

တရားမဝင်မြန်မာ ၃၀ ခန့်မှာ ထိုင်းကိုဖြတ်ပြီး၊ မလေးရှားကိုသွားဖို့ ကားစီးလာရာကနေ လမ်းမှာမတော်တဆဖြစ်ပြီး၊ ကားသမားက သူတို့ကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်ဟု သိရပါတယ်။

ထိုနောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာ ၃၀ ခန့်ကို ရဲစခန်းကိုခေါ်သွားပြီး၊ တရားမဝင်သူတွေဖြစ်တဲ့အတွက် အရေးယူရန် ထိုင်းလဝက ထံကိုလွဲပြောင်းပေးသွားမယ်ဟု သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – กระแสข่าวพัทลุง

SHARE THIS NEWS

OTHER NEWS