26 April 2024

——————————

စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၂

ထိုင်းနဲ့မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကိုပေးရတဲ့လမ်းစရိတ်က နှစ်ဆမြှင့်လာတယ်လို့ Western News ကဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနယ်စပ်သို့ရောက်အောင် ခိုးလမ်းကနေ ၅ ရက်ကနေ ၁၀ ကျော်အထိ ကားတစ်တန်။ ခြေလျင်တစ်တန်နဲ့ လမ်းလျှောက်ခဲ့ရတယ်လို့ ထားဝယ်ဒေသခံအချို့ထံမှ သိရပါတယ်။

နောက်တနည်းက ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးပြီးလာတယ်။ ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကား သို့မဟုတ် ခြေလျင်နဲ့ခိုးဝင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနဲ့မလေးရှားနိုင်ငံသို့ အောက်လမ်းဖြင့် သွားရာမှာ ဩဂုတ်လမတိုင်မီက လူတစ်ဦးလျှင် မြန်မာငွေ သိန်းသုံးဆယ်ကျော်သာရှိရာမှ စက်တင်လာလတွင် သိန်းငါးဆယ်နီးပါးအထိ ဈေးပေါက်တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်က ထိုင်းနယ်စပ် ကန်ကျနဘူရီခရိုင်မှာ တရားမဝင်မြန်မာလုပ်သား ၁၅ ဦး ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအဖမ်းခံရတဲ့ မြန်မာ ၁၀ ကျော်မှာ လမ်းစရိတ်ကို ဘတ် ၂၅၀၀၀ လောက်ကုန်ကျတယ်လို့ သိရပါတယ်။

မဲဆောက်မြို့၊ မယ်လမမြို့နယ်မှာလဲ တရားမဝင်မြန်မာ ၂၂ ယောက်ဖမ်းမိတယ်။ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ တစ်ဦးကို ဘတ် ၂၀,၀၀၀ ကနေ ၂၇,၀၀၀ အထိ အလုပ်သမားကပွဲစားဆီ ပေးခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာလဲ ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်နယ်စပ်မှာ တရားမဝင်မြန်မာ ၅၉ ဦးထပ်ဖမ်းမိတယ်။ သူတို့တွေလဲ ပွဲစားကို ၃၀၀၀၀ ခန့်ပေးရတယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်နေတဲ့လူငယ်တွေများလာတာကြောင့် တိုင်းတစ်ပါးမှာ အလုပ်ရဖို့နည်းလမ်းပေါင်းစုံနဲ့သွားနေကြတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာမှာလဲ တက်နေတဲ့ကုန်စျေးနှုန်းနဲ့ မကိုက်ညီတော့လို့ လမ်းစရိတ်တွေကိုချေးငှားပြီး တရားဝင်သွားသူကသွားနေကြသလို၊ တရားမဝင်လမ်းကြောင်းကသွားနေကြလို့ နေ့စဥ်အဖမ်းဆီးတွေခံနေရတာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

မဲဆောက်မြို့နယ်တွင် ဖမ်းဆီးခြင်းခံရတဲ့ (ဓါတ်ပုံဟောင်း)

samutsakorn #betterlife #BKK #Covid19TH #Andrew_KC #Creadit_Photo

SHARE THIS NEWS

OTHER NEWS