26 April 2024

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂

ဇာတ်မင်းသား ဖိုးချစ်နှင့် တေးရေး/ဆို သျှန်ထွန်း(မြန်မာစာ) ဖမ်းဆီးခံထားရကြောင်း နီးစပ်သူအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာ ဖမ်းဆီးပေးရန် တိုက်တွန်းမှုများ တက်လာပြီးနောက် ၎င်းတို့ ၂ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

“ဖိုးချစ်နဲ့ သူ့ဆရာအဖမ်းခံလိုက်ရပြီ၊ သူတို့ ၃၀/၁၁/၂၀၂၂ ခုနှစ် နေ့လည်လောက်ကလာဖမ်းသွားတယ်။ ထောက်ပို့ကိစ္စနဲ့ လာဖမ်းသွားတယ်လို့ပြောကြတယ်။ ဒီသတင်းက အတိအကျဟုတ်၊ မဟုတ် ကျနော်လဲ စုံစမ်းနေတယ်။ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေထဲမှာလဲ အဖမ်းခံရတယ်လို့ဖော်ပြထားပါတယ်။ တကယ်မဖြစ်ပါစေနဲ့လို့ ကျ​နော်လဲဆု​တောင်း​​နေတယ်” ဟုအမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာ ဆယ်လီတစ်ယောက်ကပြောပါတယ်။

ဇာတ်မင်းသားဖိုးချစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က နေအိမ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး တေးရေးတေးဆိုသျှန်ထွန်း (မြန်မာစာ) ကို ပုဂံသို့ အသွားတဲ့လမ်းမှာ ဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။

၎င်းတို့ ၂ဦးအား စစ်ကောင်စီအနေဖြင့် မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့ပြီးမည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို ထုတ်ပြန်ထားတာမတွေ့ရသေးပါ။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS