26 April 2024

———————

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၂

ထိုင်းရဲတစ်ဦးမောင်းလာတဲ့ကား ရထားတဲ့တိုက်မိပြီး ၃ ယောက်သေဆုံးပြီး ၁ ယောက်မှာဒဏ်ရာပြင်းထန်ရသွားပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ဟွာဟင်မြို့နယ်မှာ ကားနဲရထားတိုက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်းပေးပို့ချက်အရ အခင်းဖြစ်တဲ့နေရာကို လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးကားတွေနဲ့အတူ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဟွာဟင်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ ဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့ ခေါင်းတွဲပျက်စီးနေတဲ့ နခွန်းဆီထ မရတ်-ဘန်ကောက် မီးရထားအတွဲအမှတ် ၈၆ နှင့် ရထားနေရာနဲ့ မီတာ ၁၀၀ ခန့်အကွာမှာ လုံးဝကြေမွပျက်စီးနေတဲ့ အဖြူရောင် မာစဒါအိမ်စီးကား တစီးကို တွေ့ရပြီး၊ ရထားလမ်းပေါ်ကနေလွင့်စဉ်ဒဏ်ရာရသူတွေလဲ တွေ့ရတယ်ဟု ဆိုပါတယ်။

အဲဒီနောက် အမျိုးသမီး နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသားတဦး မျက်နှာမှာ သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေရရှိထားပြီး၊ ကြေမွပျက်စီးနေတဲ့ကားထဲမှာ သေဆုံးနေတဲ့ အမျိုးသားတဦး အလောင်းကိုလည်း ခက်ခက်ခဲခဲ ဆွဲထုတ်ယူရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကားထဲ ပိတ်မိတဲ့အမျိုးသားမှာ ဟွာဟင် ရဲတပ်ဖွဲ့က ရဲအရာရှိတဦးလို့ သိရပါတယ်။ အဆိုပါမီးရထားမှာ နခွန်းဆီထမရတ်ခရိုင်ဘက်ကို ဦးတည်ထွက်ခွာလာတာဖြစ်ပြီး၊ ရထားလမ်းကူးတဲ့နေရာတွင်လမ်းဆုံဖြစ်နေပြီး ဂိတ်ကနေ အလိုအလျောက် ဖွင့်ပိတ်နိုင်တဲ့ သံဘားတန်း ရှိပါတယ်။ သံဘားတန်းက ပွင့်သွားစဉ် အိမ်စီးကားက အလျင်အမြန်ဖြတ်မောင်းဖို့ကြိုးစားရာမှာ မလွတ်ကင်းဘဲ ရထားနဲ့တိုက်မိတာလို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ရထားမှာဆက်သွားလို့မရတော့တဲ့ ပိတ်မိနေတဲ့ရထားပေါ်က ခရီးသည်တွေကိုတော့ တခြားရထား တစီးပေါ်သို့ လွှဲပြောင်းပြီး လိုရာခရီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်သတင်းမှာ ဖော်ပြပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS