3 May 2024

——————————-

သြဂုတ် ၂၉ ရက်၊ ၂၀၂၂

ထိုင်းတွင်အခြေခံလုပ်ခလစာအမြင့်ဆုံး ခရိုင် ၃ ခုမှာ ၃၅၄ ဘတ်နဲ့ အနိမ့်ဆုံး ခရိုင် ၅ ခုမှာတော့ ၃၂၈ ဘတ်တိုးမြှင့်ပေးမည်ဟု လုပ်ခလစာကော်မတီက သဘောတူညီလိုက်ပြီး အောက်တိုဘာ ၁ ရက်နေ့တွင်သက်ဝင်မည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

မြန်မာအပါအဝင် ကမ္ဘောဒီးယား ၊လာအို နဲ့ဗီယက်နမ်တို့ကိုတိုးပေးတဲ့ တစ်ရက်နေ့စားခနှုန်းထားက အနည်းဆုံး ၃၂၈ ဘတ်ကနေ ၃၅၄ ဘတ် ကြားဖြစ်ကာ၊ ဇန်နဝါရီ ၁ ရက် ၂၀၂၃ ကစလို့ ထိုင်းနိုင်ငံသားဆို တရက်လုပ်ခလစာ ဘတ် ၄၅၀ ကနေ ၆၅၀ ဘတ်အထိ တိုးမြှင့်ပေးဖို့တောင်းဆိုထားတာရှိတယ်။ အစိုးဘက်ကတော့ အတည်ပြုပေးတာတော့မရှိသေးဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။

ထိုင်းရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေမှာ ထိုင်းနိုင်ငံသားတွေမလုပ်တဲ့ အိမ်အကူ၊ ဆောက်လုပ်ရေး၊ ကုန်ထမ်း၊ ပစ္စည်းပို့ ရေခဲလုပ်ငန်းအပါဝင် ခက်ခဲတဲ့အလုပ်တွေ၊ အန္တရာယ်ရှိတဲ့အလုပ်တွေနဲ့ ညစ်ပတ်တဲ့လုပ်ငန်းတွေမှာ နေရာတွေပေးထားတာဖြစ်ပါတယ်။ တချို့လုပ်ငန်းတွေဆိုရင် အသက်ရှူလမ်းကြောင်းတွေကို တအားဒုက္ခပေးတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

သက်သာပြီး မခက်ခဲတဲ့အလုပ်တွေ၊ အန္တရာယ်မရှိတဲ့အလုပ်တွေကိုတော့ ရွှေ့ပြောင်းလုပ်သားတွေလုပ်ကိုင်ခွင့်တွေမပေးထားတာအများကြီးလို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ယောက်ကပြောပါတယ်။

ကုန်တိုက်တွေမှာ၊ စားသောက်ဆိုင်တွေမှာ စျေးရောင်း၊ စားပွဲထိုးလုပ်နေတာတောင် ဝင်စစ်ဆေးတာတွေရှိတယ်။ ထိုင်းနိုင်ငံသားအလုပ်သမားတွေ ရှာလို့မရတော့မှ ရွှေ့ပြောင်းလုပ်သားတွေကို နေရာပေးတာလို့ဆက်ပြောပါတယ်။

တိုးမြှင့်လိုက်တဲ့ လုပ်ခလစာနှုန်းထားတွေကို ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လာမယ့် အောက်တိုဘာ လကစပြီး ခံစားခွင့်ရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေကတော့ လာမယ့်နှစ် ဇန်နဝါရီကစပြီး ခံစားခွင့်ရမှာလို့ သိရပါတယ်။

ချွန်ဘူရီ၊ ရယောင်းနှင့်ဖူကက်ခရိုင်များက ၃၅၆ ဘတ်ဖြင့်အမြင့်ဆုံးရပ်တည်နေပြီး ယလာ၊ ပတ္တာနီ၊ နရာသီဝ၊ နန့် နှင့် ဥဒေါင်းဌာနီခရိုင်တို့က ၃၂၈ ဘတ်ဖြင့် အနည်းဆုံးခရိုင်မှာရှိပါတယ်။ မြို့တော်ဗန်ကောက်နှင့်အနီးအနားခရိုင်များက ၃၅၃ ဘတ်လောက်မှာရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဘွန်ချော့ စူထတ်မနတ်ဝန် ကပြောပါတယ်။

-၃၅၄ ဘတ် ၃ ခရိုင် (ချွန်ဘူရီ၊ ရယောင်း၊ ဖူကက်)

-၃၅၃ ဘတ် ၆ ခရိုင် (ဗန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ်၊ ပထုမ်ဌာနီ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်)

-၃၄၅ ဘတ် ၁ ခရိုင် (ချချုံဆောင်)

-၃၄၃ ဘတ် ၁ ခရိုင် (အယုဒ္ဓယ)

-၃၄၀ ဘတ် ၁၄ ခရိုင် ပရာကျင်ဘူရီ၊ နောင်ခိုင်၊ အုဒွန်ဌာနီ၊ ဖန်ငါ၊ ကရာဘီ၊ တရတ်၊ ခွန်ကန်၊ ချင်းမိုင်၊ စူဖန်ဘူရီ၊ စုန်ခလာ၊ စူရတ်ဌာနီ၊ နခေါ်ရတ်ချစီးမာ၊ လွပ်ဘူရီ၊ စရာဘူရီ)

-၃၃၈ ဘတ် ၆ ခရိုင် (မုဒါဟန်း၊ ကာလစင်း၊ စကွန်နခေါ်၊ စမွန်စုန်ခရမ်၊ ကျန်ထဘူရီ၊ နခေါ်နာယွတ်)

-၃၃၅ ဘတ် ၁၉ ခရိုင် (ဖစ်ချဘွန်၊ ကန်ကျနဘူရီ၊ ဘွန်ကန်၊ ချိုင်နာ့၊ နခေါ်ဖနွမ်၊ ဖယောင်၊ စူရင်၊ ယစိုးထော်၊ ရွဲအက်၊ လေ၊ ဖတ်ထလွန်၊ ဥထရဒစ်၊ နခေါ်စဝမ်း၊ ပရာကျွပ်ခီရီခန်း၊ ဖိစနုလို့၊ အန်ထောင်၊ စာကက်ယောက်၊ ဘူရီရမ်၊ ဖစ်ဘူရီ)

-၃၃၂ ဘတ် ၂၂ ခရိုင် (အမ်နာ့ကျရုန်၊ မယ်ဟောင်ဆောင်၊ ချင်းရိုင်၊ တရန်၊ စီးစကက်၊ နောင်းဘွာလမ်ဖွန်၊ ဥထိုင်ဌာနီ၊ လမ်ပန်၊ လမ်ဖုန်၊ ချွမ်ဖော်၊ မဟာစားရခမ်၊ စင်းဘူရီ၊ စတွန်၊ ဖရယ့်၊ စူခိုးထိုင်၊ ကမ်ဖယ်ဖစ်၊ ရတ်ချဘူရီ၊ တာ့ခ်၊ နခေါ်စီးဓမ္မရတ်၊ ချိုင်ယဖွမ်၊ ရနောင်း၊ ဖိကျစ်)

-၃၂၈ ဘတ် ၅ ခရိုင် (ယလာ၊ ပတ္တာနီ၊ နရာသီဝ၊ နန့်၊ ဥဒေါင်းဌာနီ)

ပျမ်းမျှအခြေခံလုပ်ခလစာမှာ ၃၃၇ ဘတ်တွင်ရှိပြီး ပျမ်းမျှတိုးမြှင့်နှုန်းမှာ ၅.၀၂ ရာခိုင်နှုန်းဖြစ်တယ်ဟု အတွင်းဝန်ကပြောပါတယ်။ အစိုးရအဖွဲ့ထံအမြန်ဆုံးအဆိုပြုတင်သွင်းပြီး သဘောထားမှတ်ချက် ရယူသွားမည်ဟု အတွင်းဝန် ကဆက်ပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS