29 April 2024

မတ်လ ၁၆ ရက်နေ့ကဖြစ်ပွားတဲ့ တရားမဝင်မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ကား တိမ်းမောက်မှုဖြစ်ပွားပြီး မြန်မာလုပ်သား ၆ ဦး သေဆုံးကာ၊ ၆ ဦးမှာ ဒဏ်ရာပြင်းထန်စွာရသွားခဲ့ပါတယ်။

ယာဥ်မတော်တဆဖြစ်ပွားတဲ့နေရာကတော့ ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်မှာဖြစ်ပါတယ်။ မြန်မာလုပ်သား ၁၉ ဦးကို မဟာချိုင်ကိုသွားပို့မလို့မောင်းလာရင်း လမ်းဘောင်ကိုဝင်တိုက်မိပြီး ကားဟန်ချက်ပျက်သွားချိန် အရှိန်ဖြင့်မောင်းနှင် လာတဲ့ အန်စာတုံး ကားမှ ထပ်ဆင့် ဝင်တိုက်မှုဖြစ်ပွားခဲ့တာပါ။

ယာဥ်တိမ်းမောက်တဲ့နေရာမှာ သေဆုံးသူတွေကတော့ မခိုင်ဇာလင်း အသက် ၁၉ နှစ်၊ မရီရီဝင်း အသက် ၂၅ နှစ်၊ မလဲ့လဲ့စိုး အသက် ၂၄ နှစ်၊ မမြပုလဲ အသက် ၃၃ နှစ်၊ ဦး​ဇေယျာမင်း အသက် ၃၅ နှစ်နဲ့ မအိအိ​မော် အသက်၂၅ နှစ်ဖြစ်ပါတယ်။

အသက်ရှင်လျှက်ကျန်ရှိနေသူတွေကို အသေးစိတ်မေးမြန်းဖို့ သွားရောက်ခဲ့ပေမယ့် ကိုဗစ်-၁၉ ​ရောဂါကန့်သတ်ချက်အရ ​တွေ့ဆုံ​မေးမြန်းခွင့်မရသေးဘူးလို့ အလုပ်သမားသံအရာရှိထံက သိရပါတယ်။

ဆက်လက်ပြီး သေဆုံးသူမိသားစုများအနေနဲ့ အသေးစိတ်ကို ဆက်သွယ်မေးမြန်းလိုပါက အလုပ်သမားသံအရာရှိရုံးရဲ့ဖေ့ဘွတ်တွင်လာရောက်စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါတယ်။

တရားမဝင်မြန်မာနိုင်ငံသား ၁၉ ဦးကိုတင်ဆောင်လာတဲ့ ယာဉ်မောင်းဟာ ယာဉ်တိုက်မှုဖြစ်ပြီးချိန်မှာပဲ တိမ်းရှောင်သွားခဲ့ပါတယ်။ အသက်ရှင်လျက်ရှိသေးတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ Q စင်တာမှာထားတယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS