3 May 2024

ဗန်ကောက် ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃

မနေ့က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံနားက ဘုရားဖူးသွားတဲ့ ယာဉ်တစ်စီးပေါ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကားစီးလာတဲ့ လူ ၈ ဦးမှာ ၁ ဦးသေဆုံးပြီး ၇ ဦးမှာဒဏ်ရာပြင်းထန်တယ်လို့ မွန်ပြည်နယ်ကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်က ဇန်နဝါရီလ ၂၅ ရက် ၂၀၂၃ နေ့လယ်အချိန်မှာလို့ သိရှိရပါတယ်။ တိုက်ပွဲမရှိဘဲ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလဲဆိုတာ မသိရသေးပါဘူး၊ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဘက်ကတော့ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဟု RFA သတင်းကဖော်ပြထားပါတယ်။

ကျိုက်ထိုမှာရှိတဲ့ တော်လှန်ရေးအင်အားစုကတော့ လက်နက်ကြီးကျတဲ့နေရာတဝိုက်မှာ တိုက်ပွဲမရှိသလို ဒီလိုတိုက်ခိုက်မှုမှာလဲ သူတို့အဖွဲ့နဲ့သက်ဆိုင်မှုမရှိပါဘူး ဒီလိုလုပ်ရပ်တွေ ကျူးလွန်မှာမဟုတ်ဘူးလို့ တုန့်ပြန်ဖြေဆိုထားပါတယ်။

၂၀၂၂ အောက်တိုဘာလအတွင်းမှာလဲ ကျိုက်ထီးရိုးတောင်ခြေမှာပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ အဲဒီနေ့တွင် ဘုရားဖူး ၃ ဦးသေဆုံးပြီး၊ အများအပြားထိခိုက်မှုရှိခဲ့ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS