3 May 2024

ညဘက်အားသွင်းခြင်းပြဿနာသည် အချေအတင်ငြင်းခုံရမည့်အချက်တစ်ခုဖြစ်သော်လည်း မီးလောင်နေတဲ့ ဖုန်းကို မှတ်တမ်းတင်ထားမိတဲ့ မိသားစုအတွက်ကတော့ အခုမှစပြီး ညဘက်တွေမှာအားသွင်းနိုင်တော့မည် မဟုတ်တော့ပါဘူး။

ဗီဒီယိုတစ်ခုတွင် အသက် ၁၀နှစ်အရွယ်ကလေးတစ်ယောက် iPhone 4 အားသွင်းထားသည့် နေအိမ်မီးဖိုချောင် တွင် မီးလောင်ခဲ့ပေမယ့်ကံကောင်းထောက်မစွာ အခင်းဖြစ်တဲ့နေရာမှာ လူတစ်ဦးတစ်ယောက်မှထိခိုက်ဒဏ်ရာ မရှိခဲ့ပဲ့ အားလုံးအိပ်ပျော်နေကြပါတယ်။

အိုဟိုင်းယိုးပြည်နယ်မှ Brian နှင့် Jennifer Leisgang တို့၏ကလေးသည် iPhone 4 အဟောင်းကိုအားသွင်းကြိုးနဲ့ အားသွင်းပြီးနောက် ဖုန်းပေါက်ကွဲမီးလောင်မှုကို Google Home စက်ပစ္စည်းမှဗီဒီယိုရိုက်ယူခဲ့ကြောင်း ဖေ့ဘုတ်ခ် ပေါ်တွင်ရှင်းပြခဲ့ပါတယ်။ ကံကောင်းထောက်မစွာ အိပ်ရာဝင်ချိန်တွင်ပေါက်ကွဲခဲ့တဲ့အတွက် မည်သူတစ်ဦးမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူး။

သို့သော် ဖုန်းပေါက်ကွဲပြီးမီးလောင်ရခြင်းအကြောင်းရင်းမှာ ၁၂နှစ်ကြာအသုံးပြုခဲ့တဲ့ iPhone ဘက်ထရီ ယိုယွင်းသွားခြင်းကြောင့်ဖြစ်ပါတယ်။ ပလပ်ပေါက်တစ်ခုထဲသို့တိုက်ရိုက်အားသွင်းခြင်းသည် ဘက်ထရီကို အပူလွန်ကဲစေနိုင်ပါတယ်။ ၎င်းသည် အတွင်းထဲတွင်ဓာတ်ငွေ့များထွက်လာစေ ရန် ဓာတုဗေဒတုံံ့ပြန်မှုကို ချဲ့ထွင်ကာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပလပ်ထိုးလိုက်သောအခါ ၎င်းးသည်လျှပ်စစ်မီးကိုလှုံ့ဆော်ပေးပါတယ်။ ကိုယ့်ဖုန်း ဘက်ထရီရောင်ပြီး ဖောင်ကားလာပြီးဆိုရင်သတိထားပါ။

တကယ်လို့သင်တို့ဆီမှာ နှစ်အကြာကြီးအသုံးပြုနေဆဲဖုန်းများရှိနေတယ်ဆိုရင် ညဘက်တွေမှာတစ်ညလုံး ဖုန်းအားသွင်းတာမျိုးကိုသတိထားကြပါလို့အကြံပြုပေးထားပါတယ်။

SHARE THIS NEWS

OTHER NEWS