3 May 2024

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃

အွန်လိုင်းပေါ်မှာ အပိုဝင်ငွေရတယ်ဆိုပြီး လိုက်လုပ်လိုက်မိတာ ညီမ ဘတ် ၁ သိန်းကျော်အလိမ်ခံရလို့ ကာယကံရှင်ဖြစ်သူကဆိုပါတယ်။ “ညီမက အိမ်အလုပ်လုပ်တယ်။ တစ်ရက် ၃-၄ နာရီပဲ အလုပ်လုပ်ပေးပြီး ၅၀၀-၅၀၀၀ အထိရတယ်ဆိုပြီး ကြေညာတစ်ခုကိုတွေ့လို့ လိုက်လုပ်ကြည့်မိတယ်၊ စစချင်းမှာတော့ သူတို့ကြေညာထားသလိုပဲ ပိုက်ဆံပေးတယ်။ ရင်းနှီးလိုက် အတိုးပြန်ရလိုက်နဲ့ပေါ့၊ တဖြည်းဖြည်းနဲ့ သူတို့ဆီမှာ ညီမပိုက်ဆံများများလာပြီး ပြန်မရတော့ဘူး၊ ဆက်သွယ်လို့လဲမရတော့ဘူး။ ညီမသူဌေးကရဲစခန်းကိုတိုင်ကြာထားတယ်။ ပြန်ရပါ့မလားမသိတော့ဘူး။ ကျော်ညာပေးတဲ့သူက ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်းလေ အဲဒါနဲ့ယုံကြည်ပြီးလုပ်လိုက်မိတာ ခုတော့ ဘတ်ငွေတစ်သိန်းကျော် ပါသွားတယ်လို့ပြောပါတယ်။

ကိုယ့်မြန်မာပြည်သားတွေ နောက်ထပ်အလိမ်မခံရအောင် သတိပေးလိုက်ပါ။ ညီမကတိုင်းရင်းသူပါ ပအိုဝ်လူမျိုးလေ ကြိုတင်မလေ့လာမိတော့ ငွေတစ်သိန်းကျော်ပါသွားပြီ၊ မြန်မာတစ်ယောက်အနေနဲ့ ငွေ ၁ သိန်းကမနည်းဘူးလေ” ဟု Myanmar Live ကိုပြောပါတယ်။

အဲဒီလုပ်ငန်းဟာ ၅၀၀ ဘတ်ရင်းနှီးရင် ၂၀၀ အတိုးပေးတယ်။ ၆၉၉ ဘတ်ရင်းနှီးရင် ၃၀၀ ဘတ်အတိုးပေးတယ်။ ၁၁၉၉ ဘတ်ရင်းနှီးရင် ၅၀၀ ဘတ်ရတယ်။ ၂၅၁၅ ဘတ်ရင်းနှီးရင် ၁၀၀၀ ဘတ်အတိုးပေးစနစ်နဲ့ ဆွဲဆောင်နေတာတွေ့ရပါတယ်။

အဲဒီကျော်ညာဟာ မြန်မာအမျိုသမီးကို အင်တာဗျူးထားတဲ့ စနစ်နဲ့အယုံသွင်းနေတာကြောင့် မြန်မာပြည်သားတွေ အများအပြားလိုက်လုပ်နေတာတွေ့ရတယ်ဟု သူမဆိုပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS