26 April 2024

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးကျဆင်းနေသော်လည်း တောင်ကိုရီးယားတွင် ပို့ကန်ကဏ္ဍတိုးတက်မှုတွန်းအားကြောင့် ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်တွင် နိုင်ငံ့ဂျီဒီပီ ၄.၁ ရာခိုင်နှုန်းတိုးတက်။

ပို့ကုန်ကဏ္ဍတိုးတက်မှုကြောင့် ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်တွင် နိုင်ငံ့ဂျီဒီပီ ၄.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၁၁ နှစ်တာကာလအတွင်းအမြင့်ဆုံးတိုးတက်မှုဖြစ်သည်ဟု တောင်ကိုရီးယားဗဟိုဘဏ်(BOK) က ထုတ်ပြန်သည်။

တဆက်တည်းတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမြင့်မားလာသော်လည်း ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့ဂျီဒီပီ ၃ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်တွင် ပို့ကုန်ကဏ္ဍ ၄.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းကြောင့် စတုတ္ထသုံးလပတ်တွင် နိုင်ငံ့ဂျီဒီပီကို ၄.၁ ရာခိုင်နှုန်း တိုးတက်စေသည့်တွန်းအားဖြစ်စေသည်ဟု BOK ကဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းစားသုံးမှု ၁.၇ ရာခိုင်နှုန်းတိုးတက်ခြင်းကလည်း ဂျီဒီပီကိုတိုးတက်စေသည့် ကိန်းရှင်တစ်ခုဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS