26 April 2024

,

 ကြက်သွန်မြိတ်သည် ကာလကြာရှည်စွာတည်ရှိနေသော ဒေသထွက်ဟင်းသီးဟင်းရွက်များဟုလူသိများကြ ပါတယ်။ အများစုကတော့အရံဟင်းအဖြစ် ကြက်သွန်မြိတ်ကိုအသုံးပြုကြပြီး စွတ်ပြုတ် ၊ ဝက်သားကြွပ်ကြော် စတဲ့ ဟင်းတစ်မျိုးမျိုးတွင့်ထည့်ချက်လေ့ရှိကြပါတယ်။ ကြက်သွန်မြိတ်သည် ဟင်းအနံ့ကိုကောင်းစေပြီး ကြည့် ကောင်းစေပါတယ်။ ဒါပေမယ့် ကြက်သွန်မြိတ်က ဟင်းအနံ့မွှေးတာထက်ပိုတဲ့အကျိုးကျေးဇူးများစွာရှိပါတယ်။ ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိတာကြောင့် အကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကိုကြည့်ကြရအောင်။

ကြက်သွန်မြိတ်ရဲ့အကျိုးကျေးဇူး (၁၀) ချက်

၁။ ကြက်သွန်မြိတ်မှရသော ဗီတာမင် A သည် မျက်စိနှင့် ဦးနှောက်ကို အာဟာရဖြစ်စေပါတယ်။

၂။ ကြက်သွန်မြိတ်မှာ Flavonoids နဲ့ quercetin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ဖြစ်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး ဓာတ်မတည့်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ကြက်သွန်မြိတ်ကနေ အအေးမိခြင်း ၊ နှာပိတ်ခြင်း ၊ ဖျားနာခြင်းများကိုပျောက်ကင်းစေပါတယ်။

၄။ ကြက်သွန်မြိတ်တွင် အမျှင်ဓါတ်များစွာပါဝင်တာကြောင့် မကြာခဏစားပါက ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါ တယ်။

၅။ ကြက်သွန်မြိတ်အစိမ်းကိုထောင်းပြီး အင်းဆက်ပိုးမွှားကိုက်ခံရသောနေရာတွင် အုပ်ပေးပါကရောင်ရမ်းခြင်း ကိုသက်သာစေနိုင်ပါတယ်။

၆။ ကြက်သွန်မြိတ်တွင် ကယ်လဆီယမ် နှင့် ဖော့စဖောရပ်( Phosphorus ) ပါဝင်တာကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။

၇။ အန်တီအောက်စီဒင့် ( Antioxidant) ပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုထိရောက်စွာလုပ်ဆောင်နိုင်ရန် လှုံ့ဆော် ပေးပါတယ်။

၈။ သွေးအားနည်းခြင်းမှလဲကာကွယ်ပေးတဲ့အတွက် သွေးအားနည်းတဲ့သူတွေအတွက်ကြက်သွန်မြိတ်ကို များများစားပေးသင့်ပါတယ်။

၉။ မီးဖွားပြီးနောက် မိခင်များအတွက် နို့ရည်တိုးစေပါတယ်။ ( ကလေးမွေးပြီး နို့ထွက်နည်းတဲ့မိခင်တွေအတွက် ကြက်သွန်မြိတ်ကိုစားပေးပါက နို့ထွက်အားကောင်းဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်။ )

၁၀။ နှာခေါင်းသွေးယိုခြင်းမှလဲကာကွယ်ပေးပါတယ်။

SHARE THIS NEWS

OTHER NEWS