27 April 2024

Update

စစ်သင်္ဘောနစ်မြုပ်ပြီး သုံးရက်နေ့မြောက်မှာ ၂၃ ဦးပျောက်ဆုံးနေသေး

—————

ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂၂

စစ်သင်္ဘောနစ်မြုပ်ပြီး ပင်လယ်ထဲပျောက်နေတဲ့ ထိုင်းရေတပ်သား ၃၀ ကျော်ကို ဆက်လက်ရှာဖွေမှုတွေဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် နစ်မြုပ်ခဲ့ဖြစ်ပြီး တပ်သား ၁၀၆ ယောက်လိုက်ပါလာတဲ့ စစ်သင်္ဘောမှာ အခင်းဖြစ်တဲ့နေတွင် ၇၈ ဦးကယ်တင်နိုင်ခဲ့ပေမယ့် ၃၀ ကျော်မှာ ပင်လယ်ထဲမှာပျောက်ဆုံးနေပါတယ်။

ပျောက်ဆုံးနေသူတွေကို ရေတပ်က အကြီးစားသင်္ဘောကြီး ၃ စီးအပြင် ရဟတ်ယာဉ်နဲ့ပါ ရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တပ်သား ၇ ဦးကိုရှာဖွေတွေ့ရှိခဲ့ပြီး ၇ ဦးထဲတွင် ၁ ဦးသာ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

.

လက်ရှိအချိန်တွင် ပင်လယ်ထဲမှာ ၂၃ ဦးကပျောက်ဆုံးနေပြီး သက်ဆိုင်ရာများက ၂၄ နာရီရှာဖွေမှုတွေလုပ်နေပါတယ်။ သက်ကယ်အင်္ကျီဟာ ၂ ရက်ပဲ ခံတာကြောင့် စစ်သင်္ဘောမြုပ်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့အထိဆိုရင် ၃ ရက်နေ့မြောက်ပြီဖြစ်တာကြောင့် ဆွေမျိုးမိဘတွေရဲ့ ပူပင်သောကတွေလည်း တရိပ်ရိပ်တက်နေတယ်လို့ ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS