27 April 2024

—————

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂

ထိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံသွားမယ့် မြန်မာနိုင်ငံသား ၅၃ ဦးကို ထိုင်း-မြန်မာနယ်စပ် ကန်ကျနဘူရီခရိုင် ဆိုင်ယို့မြို့နယ်တွင် ထိုင်းအာဏာပိုင်များမှ ကြိုတင်သတင်းရရှိထားတာကြောင့် မြန်မာလုပ်သားတွေကို သယ်ဆောင်လာတဲ့လမ်းတွင် ဂိတ်ချစစ်ဆေးမှုပြုလုပ်ရာ ကား ၃ စီးနှင့်အတူဖမ်းဆီးထားကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် တရားမဝင်မြန်မာ ၂၂ ဦးတင်လာတဲ့ ပထမကား ၁ စီးနှင့် အသက် ၃၉ နှစ်ရှိ ယာဉ်မောင်းသူထိုင်းနိုင်ငံသား ၁ ဦးကိုပါဖမ်းမိခဲ့ပါတယ်။ ဒုတိယ ၁ စီးမှာတော့ တရားမဝင်မြန်မာ ၁၉ ဦးလိုက်ပါလာပြီး အသက် ၂၃ နှစ်ရှိ ယာဉ်မောင်းသူထိုင်းနိုင်ငံသားလဲအဖမ်းခံရပါတယ်။ နောက်ဆုံး ၁ စီးမှာတော့ တရားမဝင်မြန်မာ ၁၂ ယောက်စီးလာပြီး၊ အသက် ၂၈ နှစ် ကားသမားလဲ အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

ကား ၃ ဦးမှာ တရားမဝင်မြန်မာ စုစုပေါင်း ၅၃ ဦးဖြစ်ပြီး၊ အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၁၀ ဦးလို့သိရပါတယ်။ အဖမ်းခံရတဲ့ မြန်မာ ၅၀ ကျော်မှာ မလေးရှားကိုသွားဖို့ ပွဲစားကို ၃၅၀၀၀-၄၀၀၀၀ ဘတ်အထိကုန်ကျခဲ့ရကြောင်း သိရပါတယ်။

အဖမ်းခံရတဲ့သူတွေမှာ ပွဲစားတွေခေါ်လာတဲ့လမ်းအတိုင်း လိုက်ပါလာပြီး ထိုင်းကိုသဘာဝလမ်းကြောင်းကနေဝင်ရောက်ကာ၊ မလေးရှားနယ်စပ်ကို သွားဖို့ကြိုးစားတုန်းမှာပဲ ကန်ကျနဘူရီခရိုင်မှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကားမောင်းသမား ၃ ဦးမှာတော့ ၁ ဦးကထိုင်းနိုင်ငံသားဖြစ်ပြီး၊ ကျန်တဲ့ ၂ ဦးကတော့ ထိုင်းကထုတ်ပေးတဲ့ ဆယ်နှစ်ခံကတ်ကိုင်ဆောင်သူနဲ့ ပန်းရောင်ကတ်ကိုင်ဆောင်သူလို့ သိရပါတယ်။ ကားသမားတွေကတော့ အခုလို အလုပ်သမားပို့ဆောင်ပေးခအနေနဲ့ တစ်ဦးကို ဘတ် ၆၀၀၀ နှုန်း ပွဲစားဆီက ရတယ်လို့ ဆိုပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS