26 April 2024

NETFLIX ကုမ္ပဏီက လစာ တစ်လလျှင် ဘတ် ၁ သန်းပေးပြီး ကိုယ်ပိုင်လေယာဉ်အမှုထမ်းများကို ခေါ်ယူနေပါသည်။

နာမည်ကြီးအွန်လိုင်းရုပ်ရှင်ကြည့်ရှုခြင်းပလပ်ဖောင်းတစ်ခုက သီးသန့်လေယာဉ်အမှုထမ်းအတွက် ဝန်ထမ်းခေါ်ယူမှုကို ကြေငြာခဲ့ပါသည်။

ဤရာထူး လုပ်အားခက တစ်နှစ်လျှင် ဒေါ်လာ ၆၀,၀၀၀ မှ ၃၈၅,၀၀၀ ကြားရပါမည်။ သို့မဟုတ် တစ်နှစ်လျှင်အမြင့်ဆုံးလစာ ၁၂ သန်း ဒါမှမဟုတ် တစ်လလျှင် ဘတ် ၁ သန်း ရရှိမည် ဖြစ်ပါသည်။

လေယာဉ်အမှုထမ်းအလုပ်ဟာ NETFLIX ၏ ကိုယ်ပိုင်လေယာဉ်ဖြစ်သော Gulfstream G550 အမျိုးအစားလေယာဉ်ပေါ်တွင် NETFLIX ရဲ့ အဓိကဝန်ထမ်းများကို ဝန်ဆောင်မှုပေးရမည်ဖြစ်ပါသည်။

လုပ်ငန်းခွင်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ San Jose မြို့တွင်တည်ရှိ၍ လစာနှုန်းထားများသည် အတွေ့အကြုံနှင့် အရည်အချင်းအပေါ်လည်း မူတည်ပါသည်။

စိတ်ပါဝင်စားပါက ဤလင့်ခ်တွင် အလုပ်လျှောက်နိုင်ပါသည် : https://jobs.netflix.com/jobs/254806804?fbclid=IwAR38GBVJckTWnPZvt9JtM9ToICH1t92kmvD1ZH4D6WfMdRpEOc9lb03XuL0

SHARE THIS NEWS

OTHER NEWS