27 April 2024

,

ဂျပန်လက်ရွေးစင်အသင်း နှင့် ဘရာဇီးလက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲကစားမည်

အာရှထိပ်တန်းဂျပန်လက်ရွေးစင်အသင်းနဲ့နာမည်ကြီးဘရာဇီးအသင်းတို့ လာမယ့် ဇွန်လ ၆ ရက်နေ့ တနင်္လာနေ့မှာ ခြေစမ်းပွဲကစားမယ်လို့ ဂျပန်လက်ရွေးစင်အသင်းလူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ဖော်ပြထားပါတယ်။

မြို့တော်တိုကျို ရှင်ဂျူကူမှာရှိတဲ့ ဂျပန်အမျိုးသားအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်အသင်းသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ နာမည်ကြီး စပိန်၊ ဂျာမနီအသင်းတို့နဲ့အတူ အုပ်စုအီးမှာကျရောက်နေပါတယ်။

ဘရာဇီးအသင်းကတော့ ဆားဗီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်း အသင်းတွေနဲ့အတူ အုပ်စု ဂျီမှာကျရောက်နေတာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS