27 April 2024

မော်ဒယ်နဲ့သရုပ်ဆောင် နှစ်ဦးကို အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆို

—————————

ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၂၂

သရုပ်ဆောင် သင်ဇာဝင့်ကျော် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရပါတယ်။ ထို့အတူ မော်ဒယ် နန်းမွေစံ ကလဲ ထောင်ဒဏ် ၇ ခုနှစ်ချမှတ်ခံရတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာပါ။

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီဇင်ဘာ ၂၃ရက်မှာ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ချမှတ်ခဲ့ပြီး၊ သူနဲ့အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရပြီးစစ်ခုံရုံးက ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-သရုပ်ဆောင် သင်ဇာဝင့်ကျော်

SHARE THIS NEWS

OTHER NEWS