3 May 2024

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၂

ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်တွင်းသို့ ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား ၄၀ ခန့်ကိုဖမ်းဆီးရမိထားတယ်လို့ နယ်ခြားစောင့် ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသား ၃၄ ယောက်မှာ အမျိုးသား ၁၉ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ဖြစ်ပါတယ်။ စက်တင်ဘာ ၂၀-၂၁ စပ်ကြားမှာဖမ်းမိတာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

 

ထိုင်းနိုင်ငံ စမုဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနှင့် ဗန်ကောက်ကို အလုပ်လုပ်ဖို့ဝင်ရောက်ရာနေအဖမ်းခံကြရတာဖြစ်ပြီး၊ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် ကနေလာခဲ့ကြတယ်လို့ သိရပါတယ်။

 

ထိုင်းဝင်ရောက်ရာမှာ ကုန်ကျစရိတ် ၁၅၀၀၀ ကနေ ၃၀၀၀၀ ဘတ်လောက် ပွဲစားကိုပေးခဲ့ရပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်တွေက အဆင်မပြေတော့လို့ တိုင်းတစ်ပါးမှာ အလုပ်ရဖို့လာခဲ့ကြတာဖြစ်တယ်ဟု သိရပါတယ်။ မြန်မာနိုင်ငံသား ၄၀ ခန့်မှာ ထိုင်းကိုခိုင်းဝင်လာတာကြောင့် အရေးယူမှုတွေ ဆောင်ရွက်သွားမယ်ဟု ဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – สำนักข่าวกาญจน์

SHARE THIS NEWS

OTHER NEWS