5 May 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် သံသယရှိသောချောင်းဆိုးပျောက်ဆေးများကိုစုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။ နိုင်ငံအများအပြားတွင် ကလေးများသေဆုံးမှုနှင့် ဆက်နွှယ်မှုရှိနေနိုင်သည့်အတွက် မိဘများအား ကလေးတွေကို အနီးကပ်ကြည့်ရှုသတိထားကြဖို့ အကြုံပြုတိုက်တွန်းမှုများပြုလုပ်ခဲ့ပါတယ်။ ယနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ချောင်းဆိုးပျောက်ဆေးထုတ်လုပ်သူများနှင့် ဆက်စပ်မှုများကိုစုံစမ်းစစ်ဆေးနေကြောင်းသတင်း ရရှိထားပါတယ်။

နိုင်ငံသုံးနိုင်ငံတွင် ကလေး (၃၀၀ )ကျော်သေဆုံးပြီးနောက် WHO သည် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဆေးဝါးထုတ်ကုမ္ပဏီခြောက်ခုမှ အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းဆိုင်ရာအချက်အလက်များကို ပိုမိုရှာဖွေနေ ကြောင်းသိရပါတယ်။WHO သည် ကလေးများအတွက် ချောင်းဆိုးပျောက်ဆေးများ အသုံးပြုမှုကိုပြန်လည် သုံးသပ်ရန် ကမ္ဘာတစ်ဝှမ်းရှိ မိဘများအား အကြုံပြုတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးမှုကို တွေ့ရှိခဲ့ ပါတယ်။ အောက်တိုဘာလတွင် ဂမ်ဘီယာက ကလေးပေါင်း ( ၆၉ ) ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာလတွင် ဥဇဘက်ကစ္စတန်တွင် ကလေး ( ၁၈ ) ဦးသေဆုံးမှုနောက်ဆက်တွဲဖြစ်ပွားခဲ့ပါတယ်။ သေဆုံးမှုတွင်ကလေး များသည် ချောင်းဆိုးပျောက်ဆေး တွင် diethylene glycol ( သို့မဟုတ် ) ethyl များလွန်ကဲစွာပါဝင်မှုကြောင့် ကျောက်ကပ်များပျက်စီးကာသေဆုံးတယ်လို့ WHO ကိုပြောကြားခဲ့ပါတယ်။ ပြီးတော့ သေဆုံးတဲ့ကလေးများ သောက်ခဲ့တဲ့ ချောင်းဆိုးပျောက်ဆေးဟာ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံ ထုတ်လုပ်ပြီး တင်သွင်းလာတယ်လို့ဆို ပါတယ်။

WHO သည် ယခုအချိန်အထိ ချောင်းဆိုးပျောက်ဆေးထုတ်လုပ်သည့် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီခြောက်ခုကို ဖော်ထုတ်နိုင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ကုမ္ပဏီ ဘက်က ထင်မြင်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS