2 May 2024

မြန်မာပြည်သူများအပေါ်ရာဇဝဋ်မှုကျူးလွန်နေသော စစ်ကောင်စီတပ်ကို လက်နက်ရောင်းချပေးနေသည့်အတွက် တရုတ်နှင့်ရုရှားကို ကုလမြန်မာ့ရေးရာပညာရှင် ဝေဖန်ရှုတ်ချ။

မြန်မာစစ်အစိုးရကိုစစ်လက်နက်ရောင်းချပေးနေသည့်စာရင်းထဲတွင် တရုတ်နှင့်ရုရှားပါဝင်နေပြီး အဆိုပါလက်နက်များကို စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြည်သူများအပေါ်ရာဇဝဋ်မှုကျူး လွန်ရာတွင် အသုံးပြုနေသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ မြန်မာ့ရေးရာအထူးအစီရင်ခံသူ သောမတ် အင်ဒရူးစ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု DW ဝဘ်ဆိုက်ကဖော်ပြထားသည်။

 

 

ပြီးခဲ့သည့်နှစ်က စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ မည်သည့်ပြစ်ဒဏ်မှခံစရာမလိုဘဲ ပြည်သူများကိုရက်ရက်စက်စက်ရာဇဝဋ်မှုကျူးလွန်နေခဲ့သောစစ်အစိုးရကို ကုလသမဂ္ဂလုံးခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော တရုတ်နှင့်ရုရှားက စစ်လက်နက်များအပါအတင် ဂျက်တိုက်လေယာဉ်နှင့်သံချပ်ကာကားများ စီစဉ်ပေးနေသည်ဟု အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း ကဆက်လက်ပြောကြားသည်။

တရုတ်နှင့်ရုရှားအပြင် ဆားဗီးယားနိုင်ငံကလည်း မြန်မာစစ်အစိုးရကို ဒုံးကျည်နှင့်အမြောက်ကြီးများ ရောင်းချပေးနေသည်ဟု ဖော်ပြထားသည်။

စစ်အစိုးရက ယင်းလက်နက်များဖြင့် အရပ်သားများကိုပစ်သတ်နေခြင်းကြောင့် မြန်မာနှင့်စစ်လက်နက်ရောင်းဝယ်မှုရပ်တန့်ရေးအတွက် လုံခြုံရေးကောင်စီက ကိုင်တွယ်ပေးရန် အင်ဒရူးက တိုက်တွန်းထားသည်ဟု ဆိုသည်။

သတင်း အယ်လဂိုရီသမ်

SHARE THIS NEWS

OTHER NEWS