10 May 2024

ဇူလိုင် ၇ ရက်၊ ၂၀၂၂

ထိုင်းရောက်မြန်မာနိုင်ငံသားများကို ဗန်ကောက်အခြေစိုက်မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် (ပတ်စပို့)သက်တမ်းတိုးပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၅ ရက်နေ့တွင် သံရုံးဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်ဟု သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ သံရုံးဘက်ကထုတ်ပြန်လိုက်တာပါ။

ထိုင်းမှာနေထိုင်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ဗန်ကောက်မြိုရှိ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်းများကို သံရုံး၌ ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

ဆက်လက်ပြီးသံရုံးတွင်ပြုလုပ်ပေးတဲ့စာအုပ် အမျိုးအစားများကိုလဲဖော်ပြထားပါတယ်။ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ PE အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ PR အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ PT အမျိုးအစား နိုင်ငံကူးလက်မှတ်များနှင့် PS အမျိုးအစား နိုင်ငံကူး လက်မှတ်များကို ဗန်ကောက်မြို့ရှိ မြန်မာသံရုံးသံရုံး၌ ကြိုတင်ရက်ချိန်းရယူပြီးပါက ဖော်ပြပါ နိုင်ငံကူးလက်မှတ်များ၏ သက်တမ်းတိုးလုပ်ငန်းများကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS