4 May 2024

နိုင်ငံခြားသားများကို ဗီဇာအတုပြုလုပ်ပေးနေသည့် နေရာတစ်ခုကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ထိုင်းလူဝင်မှု ကြီးကြပ်ရေးရုံး (လဝက) က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖော်ြပထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမှထွက်ခွာမည့်နိုင်ငံခြားသားတချို့ တွင် ဗီဇာအတုကိုင်ဆောင်ထားကြောင်း တောက်လျှောက်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ ဗီဇာစည်းတံဆိပ်များသည် ဆင်တူနေ၍ တစ်နေရာတည်းက ပြုလုပ်ပေးနေခြင်းဖြစ်မည်ဟု လဝက မှ ခန့်မှန်းထားသည်။

ထို့နောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် မြို့တော်ဗန်ကောက်၊ ဘွန်ကုမ်မြို့နယ်၊ ခလောင်ကုမ်မြို့ နယ်ခွဲရှိ ဗီဇာပြုလုပ်ပေးသောကုမ္ပဏီတစ်ခုတွင် လဝက မှဖမ်းဆီးရမိသည့်ဗီဇာအတုများကို ပြုလုပ်ပေး

နေသည်ဟု သတင်းအခိုင်အမာရရှိပြီးနောက် ရာဇဝတ်တရားရုံးထံမှ ရှာဖွေဝရမ်းတောင်းပြီး ဝင်ရောက် ရှာဖွေမှုပြုခဲ့သည်။

 

 

ထို့သို့ဝင်ရောက်ရှာဖွေရာတွင် ကုမ္ပဏီပိုင်ရှင်ဖြစ်သူ Angsana Kasemsuk ထိုင်းအမျိုးသမီးကို တွေ့ရှိခဲ့ပြီး ယင်းနေအိမ်ထဲတွင် ဗီဇာအတုရိုက်နှိက်ထားသော ပတ်စပို့စာအုပ် အုပ်ရေ ၇၀၀ ကို သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသမီးကို ဖမ်းဆီးရန်အတွက် ဇန်နဝါရီ ၂၁ ရက်နေ့ (၂၀၂၃) တွင် ရာဇဝတ်တရားရုံးထံ ဖမ်းဝရမ်းတောင်းခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိသည့်ဗီဇာတံဆိပ်တုံးအတုအားလုံးကို သူမတစ်ဦးတည်သာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုပြီး မြို့တော်ဗန်ကောက်၊ ခန်နာယောင်မြို့နယ်၊ ခန်နာယောင်မြို့ နယ်ခွဲရှိ သူမ ဗီဇာအတုပြုလုပ်ပေးနေသည့်နေအိမ်တစ်လုံးကို လိုက်ပြခဲ့သည်။

 

 

အဆိုပါနေအိမ်တွင် ဗီဇာအတုနှင့် လဝက အရာရှိလက်မှတ်အတု ပြုလုပ်သည့်သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယတရားခံအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လဝက စုံစမ်းစစ်ဆေးရေးအရာရှိထံ ဆက်လက်အပ်နှံထားသည်ဟု ပြောကြားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS