26 April 2024

ဆေးရုံအမျိုးသမီးသန့်စင်ခန်းတစ်ခုအတွင်း ၆ နှစ်ကျော်ကင်မရာခိုးတပ်ဆင်ထားသည့် ထိုင်းရေတပ် ဒုဗိုလ်တစ်ဦးကိုနစ်နာသူ ၂၃ ဦး တရားစွဲ။

ဆေးရုံတစ်ခုရှိ သတင်းအချက်အလက်နည်းပညာဌာန၏ အမျိုးသမီးသန့်စင်ခန်းအတွင်း ၆ နှစ်ကျော်ကြာ ကင်မရာခိုးတပ်ဆင်ထားသည့် အသက် ၅၄ နှစ်အရွယ် ထိုင်းရေတပ်ဒုဗိုလ်တစ်ဦးကို နစ်နာသူ ၂၃ ဦးက ပြီးခဲ့သည့်ဇန်နဝါရီ ၁၀ ရက်နေ့တွင် ချွန်ဘူရီခရိုင်၊ စတ်တဟစ်မြို့နယ်၊ ဖလူတာလွန်းနယ်မြေရဲစခန်းရှိရဲဒုဗိုလ်ချုပ်ကြီး အေကချိုင် မွန်လီ ထံတိုင်ချက်ဖွင့်ခဲ့သည်ဟု မတစ်ချွန်စတင်းဌာနမှ ဖော်ပြထားသည်။

မီးကြိုးစနစ်ပြုပြင်ရေးပြုလုပ်စဉ် အမျိုးသမီးသန့်စင်ခန်းမျက်နှာကျက်တွင် ခိုးရိုက်ကင်မရာ ၂ လုံး တွေ့ရှိခဲ့ပြီး စစ်ဆေးကြည့်ရာ ရေတပ်ဒုဗိုလ်တစ်ဉီး၏ ကွန်ပျူတာနှင့်သွယ်တန်းထားသည်ကို တွေ့ရပြီးနောက် ကွန်ပျူတာကိုဆက်လက်စစ်ဆေးရာ အမျိုးသမီးများ (-) ပြုနေသည့်ဗီဒီယို ၁ ထောင်ခန့်တွေ့ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကတည်းက ဖမ်းယူထားသည်ကိုတွေ့ရသည်ဟု ဖော်ပြထားသည်။

 

 

ကနဦးတွင် အဆိုပါ သံသယတရားခံကို ပုဒ်မ ၃ ခုဖြင့်ဆွဲချက်တင်ထားပြီး လာမည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ခေါ်ယူစစ်ဆေးသွားမည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS