27 April 2024

,

မြန်မာနိုင်ငံဟာ ကိုဗစ်၁၉ ကူးစက်မှုကို တွန်းလှန်နေရတဲ့အထဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ မှာ အာဏာထပ်သိမ်းတော့ အနာပေါ်တုတ်ကျသလို့ ထပ်ဆင့်နာဖြစ်ခဲ့ရတာပါ။ ပြည်သူတွေဟာလဲ ဆင်းရဲခြင်းရဲ့ တိုက်စားမှုဒဏ်ကို ဆက်တိုက်ရင်ဆိုင်နေရတာ့ အုပ်နံရံတွေလို မာကျောနေတဲ့ စိတ်ခွန်အားတွေဟာလဲ ခံနိုင်ရည်နောက်ဆုံးအဆင့်ကို ရောက်လာတော့မှာဖြစ်ပါတယ်။

စားဝတ်နေရေးကျပ်တည်းနေရတာရယ်၊ အလုပ်လက်မဲ့ဖြစ်နေတာရယ်၊ ရောဂါဘေးနဲ့ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ထမင်းရေကြိုသောက်နေရတဲ့ မိသားစုတွေလဲ တစ်နေ့ထက်တစ်နေ့ အရေအတွက်ပိုများလာပါတယ်။

ထိုကြောင့် သူတို့တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ရဖို့ ရွေးချယ်နေကြရတာပါ။ ဒီကြားထဲမှာ ကိုဗစ်၁၉ ကူးစက်မှုကိုအကြောင်းပြပြီး နယ်စပ်ဂိတ်တွေကို ပိတ်ထားကြတော့ ရွေးချယ်စရာပျောက်နေကြပါတယ်။ ဒီအထဲမှာလဲ ကိုဗစ်၁၉ ကူးစက်မှုမတိုင်ခင်ကတည်းက ပြန်သွားတဲ့ မြန်မာလုပ်သား ၂ သိန်းကျော်မှာလဲ ထိုင်းနယ်စပ်ဂိတ်တွေ ရုတ်တရက်ပိတ်လိုက်တော့ သူတို့တွေမှာလဲ အိမ်မက်တွေပျောက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်လိုတဲ့ အိမ်နီးချင်းနိုင်ငံကတော့ ထိုင်းနိုင်ငံကအများဆုံးဖြစ်နေတာပါ။ ထိုင်းနိုင်ငံမှာလဲ ကိုဗစ်၁၉ ကူးစက်မှုဒဏ်ကို ရင်ဆိုင်နေရပြီး စီးပွားရေတွေ အကျဘက်မှာရှိနေတာကြောင့် အလုပ်သမားတွေ ပေးဝင်ဖို့ထက် ခရီးသွားတွေကို ဦးစားပေး အရင်ဝင်ခွင့်ပေးတာကို တွေ့နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးကဏ္ဍပြန်လည်ထူထောင်ဖို့ပါ။

ထိုကြောင့်မြန်မာနိုင်ငံသားတွေမှာ ထိုင်းကိုတရားဝင်လမ်းကနေ ဝင်လို့မရတော့ကြောင့် လူမောင်ခိုပို့တဲ့နည်းလမ်းနဲ့ဝင်ရောက်ဖို့ကြိုးစားနေကြရတာဖြစ်ပါတယ်။ အရင်က ထိုင်းကိုဝင်ရောက်ဖို့ လူပို့စရိတ်ကို ၁ သောင်းဘတ်အထက်မှာရှိနေပေမယ့်၊ ထိုင်းဘက်မှာ အဖမ်းအဆီးများနေတာကြောင့် လူတစ်ဦးကို ၃ သောင်းဘတ်အထိကို ကုန်ကျတယ်လို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေထံက သိရတာပါ။

မြန်မာ-ထိုင်းနယ်စပ်မှာလဲ နေ့စဉ်ရာနဲ့ချီတဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကို ခံနေရပါတယ်။ အဖမ်းခံထိတဲ့ မြန်မာနိုင်ငံသားတချို့တွေက ရှိသမျှကို ပေါင်နှံထားပြီး လာခဲ့သူတွေရှိသလို၊ ငွေတိုးချီးပြီးလာခဲ့သူလဲရှိပါတယ်။ ထိုင်းမှာ အလုပ်ရရင် ပြန်ဆပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နယ်စပ်မှာပင် အဖမ်းခံထိတော့ ထိုင်းဘက်က အရေးယူခံရမည့်အပြင် အိမ်မက်ပါပျောက်ဆုံးကြရတာပါ။

ထိုင်းမှာ ကိုဗစ်၁၉ ကူးစက်မှုစံချိန်တင်မြှင့်တက်နေသေးတာကြောင့် တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်လို့မရအောင် ထိုင်းအစိုးရဘက်က နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ ထိုင်နိုင်ငံတစ်ဝှမ်းလုံးမှာလဲ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်လုပ်ကိုင်လို့မရအောင် လုပ်ငန်းခွင် လုပ်ငန်းနေရာများကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ထိုင်းမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်လုပ်ကိုင်တဲ့နေရာများ မရှိစေရဟု ထိုင်းအလုပ်သမားဝန်ကြီး ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အစစ်အဆေးတွေများလာတယ်။ အဖမ်းအဆီးတွေလဲများလာတယ်။ ရွှေ့ပြောင်းလုပ်သားတွေဆိုရင် ခရိုင်ဖြတ်ကျော်သွားလာခွင့်ကို ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

Photo: Army PR Center

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK #Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS