10 May 2024

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၂

ရန်ကုန်မြို့ အင်းစိန်မြိုနယ်ရှိ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပါဆယ်ဗုံးပေါက်ကွဲပြီး အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး၊ အရပ်သား ၅ ဦး သေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အင်းစိန်ထောင်အနီးဝန်းကျင်နေသူတွေထံမှ သိရပါတယ်။

ဒီနေ့မနက် ၉ နာရီ ၃၃ မိနစ်မှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီး ထောင်ဝန်ထမ်း တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံ တို့နဲ့ အမည်မသိရသေးတဲ့အရပ်သားအမျိုးသမီး ၅ သေဆုံးပြီး၊ ၁၃ ဦးမှာဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့တာပါ။

ဗုံးပေါက်ကွဲမှုဖြစ်ပွားနေစဥ်မှာ လုံခြုံရေးဂိတ်စောင့်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထောင်ရှေ့ အဆောက်အအုံများ ကျည်ထိမှန်ပြီး အနီးဝန်းကျင်ရှိ ပြည်သူအချို့ ကျည်ထိမှန်ခဲ့တယ်လို့လည်း အင်းစိန်ထောင်အနီးနေသူတွေထံမှ သိရပါတယ်။

လတ်တပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ငြိမ်သက်သွားချိန်တွင် ထောင်ဝင်စာ အဆောက်အအုံအနီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တစ်လုံးထပ်တွေ့သဖြင့် စစ်ကောင်စီက စစ်ဆေးရှာဖွေမှုများ အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု အင်းစိန်ထောင်အနီး နေထိုင်သူ တစ်ဦးထံကသိရပါတယ်။

ဓါတ်ပုံ -Cj

SHARE THIS NEWS

OTHER NEWS