4 May 2024

လတ်တလောတွင် Bangkok သို့မဟုတ် Krung Thep Maha Nakhon ဟု အမည်နှစ်မျိုးစလုံးသုံးနိုင်ပြီးKrung Thep Maha Nakhon သည် ထိုင်းရာမ-၁ ဘုရင်သမုတ်ပေးခဲ့သောအမည် ဖြစ်သည်ဟုထိုင်းယဉ်ကျေးမှုဝန်ကြီး ဆို။

ထိုင်းနိုင်ငံ၏မြို့တော်ဖြစ်သော Bangkok ၏ အင်္ဂလိပ်အမည်ကို Krung Thep Maha Nakhon ဟုပြောင်းလဲဖော်ပြပြီး ဗန်ကောက်ကိုကွင်းဆကွင်းပိတ်ဖြင့်ဖော်ပြရန် “Krung Thep Maha Nakhon (Bangkok)” တော်ဝင်ထိုင်းစာကောင်စီက အဆိုပြုထားသည့်မူကြမ်းကို ထိုင်းအစိုးရအဖွဲ့ပုံမှန်အစည်း အဝေးတွင် မူအားဖြင့်သဘောတူခဲ့ပြီးနောက် ခေတ်နောက်ပြန်ဆွဲနေသည်ဟူ၍ ထိုင်းပြည်သူများ၏ ဝေဖန်သံကျယ်လောင်နေချိန်တွင် အသုံးပြုလိုသည့်အခန်းကဏ္ဍအပေါ်တွင်မူတည်ပြီး ကြိုက်နှစ်သက်ရာ အမည်ကို ဆီလျော်သလိုအသုံးပြုနိုင်သည်ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီး အိန္ဒိဗလ ခွန်ပလွန့် ကဆိုသည်။

Bangkok အမည်ကိုရုပ်ရှင်ပွဲတော် နှင့် မြို့တော်ပုံရိပ်ကြော်ငြာအမျိုးမျိုးတွင်အသုံးပြုခဲ့ပြီး မွေးစားစကားလုံးဖြစ်သော Krung Thep Maha Nakhon သည် “မြို့တော်” ဟု အနက်ရပြီး ယဉ်ကျေးမှုရှုထောင့်မှကြည့်လျင် ပိုမိုပြည့်စုံသည်ဟု ဆိုသည်။ ကမ္ဘာ့နိုင်ငံရှိတချို့သောမြို့တော်များသည်လည်း ရှေးအမည်ဟောင်းနှင့်ယခုခေတ်အစိုးရသုံးအမည်ဟူ၍နှစ်မျိုးရှိကြသည်ဟု ဆိုသည်။ အစိုးရအဖွဲ့မှမူအားဖြင့်သဘောတူလိုက်ခြင်းကြောင့် ကြိုက်နှစ်သက်ရာအမည်ကိုရွေးချယ်သုံးစွဲနိုင်သည်ဟု ဆိုသည်။

 

 

ယဉ်ကျေးမှုရှုထောင့်အရ Maha Nakhon စကားလုံးသည် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိသည့် “မြို့တော်”ဟု အနက်ရပြီး ယဉ်ကျေးမှုနှင့်ယှက်နွယ်နေသည်ဟုဆိုသည်။ Bangkok သည်နိုင်ငံခြားသာများခေါ်ဝေါ်ခဲ့သည့်အမည်ဖြစ်ပြီး Krung Thep Maha Nakhon သည် ထိုင်းရာမ-၁ ဘုရင်ကိုယ်တော်တိုင် သမုတ် ပေးထားသောအမည်ဖြစ်သည့်အပြင် ယဉ်ကျေးမှုအရ လှပပြီး ခေါ်ဝေါ်လို့ကောင်းသောအမည် ဖြစ်သည် ဟု ဆိုသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် Krung Thep Maha Nakhon ဆိုသည့်အမည်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲမှုရှိလာစေရန် လှုံ့ဆော်သွားမည်ဟု ဆိုသည်။

ထိုင်းသမိုင်းအထောက်အထားအရ “Bangkok” သို့မဟုတ် “บางกอก” သည် ထိုင်းအလယ်ပိုင်းဘာသာ စကားဖြစ်ပြီး “บาง” သည် “ရွာ” သို့မဟုတ် “ရေစပ်နားရှိရွာ” ဟု အနက်ရကာ “กอก” သည် မြန်မာဘာသာဖြင့် သံလွင်(အပင်) ဟု အနက်ရသည့် “มะกอก” မှဆင်းသက်လာသည်ဟု ဖော်ပြထားသည်။

 

 

ထို့ကြောင့် မြန်မာဘာသာဖြင့် ဆီလျော်အောင်ဘာသာပြန်လျင် “သံလွင်ကုန်း” ဟုအနက်ရ၍ ရှေးဆန်ပြီးရွာအမည်ဖြစ်နေခြင်းကြောင့် မြို့တော်အမည်နှင့်အပ်စပ်ခြင်းမရှိဟု ထင်ပါသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS