3 May 2024

မနေ့ညပိုင်းက ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းက ရုရှားဘာသာစကားသုံးတဲ့ ခွဲထွက်ရေးနယ်မြေဖြစ်တဲ့ Donetsk နဲ့ Luhansk ဒေသတွေကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် ကြေညာခဲ့တာကြောင့် ရုရှား – ယူကရိန်း စစ်ရေး ပိုမိုတင်းမာခဲ့ပြီး ရွှေဈေး၊ ရေနံဈေးတွေကလည်း ဒီကနေ့မနက်ပိုင်းမှာ ခုန်တတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရွှေရောင်းဝယ်ရေးအသင်းက ကြေညာချက်ကြောင့် ဒီနေ့မနက်ပိုင်းမှာပဲ ရွှေဈေး ၃၀၀ ဘတ်ထိ မြင့်တတ်သွားပြီး ယခုဆိုလျင် ထိုင်းမှာ ရွှေချောင်းဝယ်ဈေး ၂၉,၀၀၀ ဘတ်၊ ရောင်းဈေး ၂၉,၁၅၀ ဘတ်၊ အခေါက်ရွှေဝယ်ဈေး ၂၈,၅၃၁ ဒဿမ ၁၂ ဘတ်၊ ရောင်းဈေး ၂၉,၆၅၀ ဘတ်ရှိနေပြီဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကွက်ရဲ့ အလားအလာကတော့ အနိမ့်ဆုံး ၁,၈၉၀ – ၁,၈၈၀ ဒေါ်လာ ရှိနေပြီး အမြင့်ဆုံး ၁,၉၂၀ – ၁,၉၃၀ ဒေါ်လာ ခန့်ရှိနေပါတယ်။

SHARE THIS NEWS

OTHER NEWS