10 May 2024

ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၂

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် MOU စနစ်ဖြင့် ကမ္ဘောဒီးယားလုပ်သား ၁၈၅ ဦး ထိုင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။ လုပ်သား ၁၈၉ ဦးထဲတွင် ၁၅၈ ဦးကတော့ (Organization Quarantine) စင်တာမှာ ၇ ရက်သွားရောက်နေထိုင်ရတယ်လို့ သိရပါတယ်။

 

 

ထိုင်းကိုဝင်ခွင့်ရတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈၅ ဦးမှာ ကိုဗစ်၁၉ ကာကွယ်ဆေး ၂ ကြိမ်မြောက်ထိုးထားခဲ့တာကြောင့် ကွာရန်တင်းစင်တာတွင် ၇ ရက်သာနေထိုင်ပြီးလျှင် လုပ်ငန်းရှိတဲ့နေရာကိုသွားရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

 

 

ဒီဇင်ဘာလ ၁ ရက်နေ့ ၂၀၂၁ မှ ယနေ့အထိ (Demand) တင်ထားတဲ့အရေအတွက် ၁၃၄၉ ခုရှိပြီး ရွှေ့ပြောင်းလုပ်သားအရေအတွက် ၉၀၀၇၁ ဦးအထိရှိတယ်လို့ သိရပါတယ်။

 

 

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထိုင်းဝင်ရောက်ခွင့်ရတဲ့ ကမ္ဘေဒီးယားလုပ်သား ၂၂၀ ဦးရှိပါတယ်။ ၃၅ ဦးကတော့ အဆင်သင့်မဖြစ်သေးလို့ ဝင်ရောက်မလာဘူးလို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနရုံးရဲ့ ဖော်ပြချက်ထဲမှာသိရပါတယ်။

ထိုင်းမှာ လုပ်ကိုင်ဖို့ ဝင်ရောက်ခွင့်ရတဲ့ ကမ္ဘေဒီးယားနိုင်ငံသား ၁၈၅ ဦးထဲမှာ ၁၅၈ ဦးပဲ ထိုင်းဝင်ခွင့်ပေးပြီး၊ ၂၇ ဦးကတော့ ယခင်ထိုင်းကိုတရားမဝင် ဝင်ရောက်လာတုန်းက အဖမ်းခံထားရတဲ့ အချက်အလက်တွေ စစ်ဆေးတွေ့ရှိတဲ့အတွက် ပြည်နှင်ဒါဏ်ပေးခြင်းခံလိုက်ရတယ်လို့သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK #Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS