10 May 2024

မြို့တော်ဗန်ကောက်၊ ဟွေ့ခွမ်းမြို့နယ်၊ ဘန်ကပိမြို့နယ်ခွဲ၊ ဖလမ် ၉ လမ်းတွင် တရားမဝင်နေထိုင် နေသောတရုတ်နိုင်ငံသား ၃ ဦးကို ယနေ့မနက်ပိုင်းတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့က စီးနင်း စစ်ဆေးမှုပြုပြီးနောက် အထောက်အထားမရှိသဖြင့် ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထောက်လှမ်းရေးတစ်ဦးမှသတင်းပေးချက်အရ အဆိုပါနေရာရှိစားသောက်ဆိုင်တစ်ခုကို ထိုင်းလဝက မှရှောင်တခင်ဝင်ရောက်စစ်ဆေးရာ တရုတ်စားသောက်ဆိုင်တစ်ခုကိုတွေ့ရပြီး ဆိုင်ရှေ့တွင်စာရင်းပြုစု နေသော အသက် ၃၅ နှစ်ရှိ ယန်းဆိုသူကိုတွေ့ရှိခဲ့ပြီး ဆိုင်အနောက်ဘက်သို့ဝင်ရောက်စစ်ဆေးရာတွင် တရုတ်အစားအစာချက်ပြုတ်နေသော အသက် ၃၈ နှစ်ရှိ ချင် ဆိုသူနှင့် အသက် ၃၁ နှစ်ရှိ ချုန်း ဆိုသူ နှစ်ဦးကိုတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းတို့သုံးဦးကို လူဝင်မှုအထောက်အထားတောင်းစစ်ရာတွင် နိုင်ငံကူးလက်မှတ်မပြနိုင်ဘဲ နိုင်ငံကူး လက်မှတ်မျက်နှာကိုဖုန်းဖြင့်ရိုက်ကူးသော ဓာတ်ပုံကိုသာပြနိုင်ကြပြီး အဆိုပါနိုင်ငံကူးလက်မှတ်များကို ရွေ့လျားစက်ဖြင့်လူဝင်မှုမှတ်တမ်းစစ်ဆေးရာတွင် ၎င်းတို့သုံးဦးသည် အလည်ဗီဇာများဖြင့်သာ ဝင် ရောက်လာခဲ့ကြသူများဖြစ်သည်ဟု သိရှိရသည်။

 

 

တချိန်တည်းတွင် ၎င်းတို့သုံးဦးစလုံးမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည့်အပြင် ခွင့်ပြုချက်မရဘဲ ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရသည်။

ထို့နောက် ယင်းတရုတ်နိုင်ငံသားသုံးဦးအား ထိုင်းလဝကမှဖမ်းဆီးသွားပြီး “တရားမဝင်အလုပ်လုပ်ကိုင် မှု” ဖြင့် စွဲချက်တင်ထားကာ ထိုင်းဥပဒေအရဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ် ဆေးရေးအရာရှိထံ အပ်နှံလိုက်သည်ဟု ဆိုသည်။

၎င်းတို့သည် ထိုင်းဥပဒေအရ ဒဏ်ငွေ ဘတ် ၅ သောင်းအထိတပ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံဝင်ရောက်ခွင့် ၂ နှစ်ကြာ ပိတ်ပင်ခံရမည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS