3 May 2024

ထိုင်းနိုင်ငံကို ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၈ ဦး (ကျား ၁၁ ဦး မ ၇ ဦး) ကို ၂၀၂၂ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ညက ကမ်ဖန်ဖစ်ခရိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးဟာ ပြောင်းဖူးတင်တဲ့ ဟိုင်းလပ်ကားမှာ လိုက်ပါလာခဲ့တာဖြစ်ပြီး ကားပိုင်ရှင် ၎င်းဟာ မြန်မာနိုင်ငံသားပွဲစားထံမှာ တစ်ဦးလျင် ဘတ် ၁ ထောင်ယူပြီး တာ့ခ်ခရိုင်ကနေ ဘန်ကောက်သို့ ပို့ပေးရန်ကြိုးစားခဲ့တာလို့ဆိုပါတယ်။

ကားပိုင်ရှင်ဟာ ပြောင်းဖူးတင်တဲ့ ဟိုင်းလပ်ကားကို လူတင်ရန် ပြန်လည်ပြုပြင်ထား ပြီး ခိုးဝင်မြန်မာနိုင်ငံသား တွေကို တာ့ခ်ခရိုင်ကနေ ဘန်ကောက်သို့ပို့ဆောင်နေခဲ့တာ ၅-၆ ခေါက်ခန့်ရှိပြီလို့သိရပါတယ်။

 

 

ဖမ်းဆီးခံခဲ့ရတဲ့သူထဲမှ တစ်ဦးဟာ လူပို့ ပွဲစားကို တစ်ဦးလျင် ဘတ် ၂၀,၀၀၀ ပေးပြီး မြဝတီမြို့ကနေ မဲ့ဆောက်ထိကို ခြေလျင် လျှောက်လာခဲ့တာဖြစ်ကာ တာ့ခ်ခရိုင်ရောက်တဲ့အခါမှ ပြောင်းဖူးတင်တဲ့ကားပေါ် ပြောင်းရွှေ့လိုက်ပါ လာခဲ့တာလို့ဆိုပါတယ်။

 

 

ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲမှာ အများစုက ကာကွယ်ဆေး မထိုးထားကြရသေးတဲ့သူတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့သူတွေအားလုံး ကို ကမ်ဖန်ဖစ်ခရိုင်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ဥပဒေအရ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင့်ဖြင့် မဝင်လာကြရန်ဆက်တိုက် သတိပေးနေတာ တွေရှိ နေပါတယ်။ ဆက်လက်ပြီး ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းက ခိုးဝင်ပြီး ဖမ်းဆီးရမိခဲ့တဲ့သူတွေ အနေနဲ့ MOU ဖြင့် ပြန်လည်ဝင်ရောက်လာတဲ့အခါ စစ်ဆေးတွေ့ရှိခဲ့ရင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးဟာ MOU ဖြင့်ဝင်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ မှာလည်း ဖြစ်ခဲ့ပြီးပြီဖြစ်ပါတယ်။

 

 

 

အဲဒါကြောင့် ထိုင်းနိုင်ငံရှိ အလုပ်သမားရေးလုပ်နေကြတဲ့သူတွေလည်းပဲ တရားဝင်လမ်းကြောင်း ပြန်လည်ဖွင့်ပေးခဲ့ရင် အဲဒီလို ဖြစ်ရပ်မျိုးတွေ မကြုံရအောင် တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံကို မဝင်လာကြဖို့ ဆက်တိုက်သတိပေးနေတာတွေကို တွေ့ရပါတယ်။

SHARE THIS NEWS

OTHER NEWS