27 April 2024

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂

မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကျူးလွန်နေတယ်လို့ စက်တင်ဘာ ၂၁ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သမ္မတ ဂျိုးဘိုင်ဒန် ပြောကြားတဲ့မိန့်ခွန်းမှာ ခုလိုပြောကြားသွားတာပါ။

ဆက်လက်ပြီး “မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့မြန်မာ့အရေးအပေါ် တုံ့ပြန်မှုတွေကို အလွန်စိတ်ပျက်နေကြပါတယ်။ ဒီတရားမဝင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို တချို့အဖွဲ့ဝင်နိုင်ငံတွေက ရန်ပုံငွေတွေ၊ ကုန်သွယ်ရေးတွေ၊ လက်နက်တွေနဲ့ တရားဝင်ဖြစ်မှုတွေနဲ့ ထောက်ပံ့ကူညီထားတဲ့အပေါ်မှာလည်း မြန်မာလူထုဟာ အလွန်ဒေါသထွက်နေကြပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်က စက်တင်ဘာ ၂၂ ရက်မှာ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၂၁ ကြိမ်မြောက်အစည်းအဝေးမှာ အခုလို တောင်းဆိုခဲ့တာပါ။

အသက်ပေါင်းမျာစွာကို အမှန်တကယ် ကယ်တင်နိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကုလအဖွဲ့ဝင် နိုင်ငံတွေက ဘာကြောင့်ငြင်းဆန်နေကြတာလဲလို့လည်း သူကမေးခွန်းထုတ်ခဲ့ပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း ရွှေ့ပြောင်းဒုက္ခသည် ၁.၃ သန်းရှိလာပြီး၊ လူနေအိမ် ၂၈,၀၀၀ အထိဖျက်ဆီး ခံထားရတာ၊ ရွာတွေ မီးလောင်တာ၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှု သိသိသာသာ မြင့်တက်လာသလို၊ ကလေး ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ မစ္စတာအင်ဒရူးက ညီလာခံမှာ တင်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားမှု အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတယ်လို့လည်း သူရရှိထားတဲ့အထောက်အထားတွေကို တင်ပြသွားတာဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

Ref: BBC

SHARE THIS NEWS

OTHER NEWS