27 April 2024

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတား (မဲဆောက်-မြဝတီ) ကို ပြန် လည်ဖွင့်လှစ်လိုက်သည့် ပထမနေ့တွင် ထိုင်းဘက်ကိုဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၁၁ ဦး ရှိသည်ဟု မဲဆောက်မြို့မရဲစခန်း စခန်းမှူးက ထုတ်ပြန်ထားသည်။

အဆိုပါနေ့တွင် မြန်မာနိုင်ငံသား ၄၁၁ ဦး ဝင်ရောက်ခဲ့ပြီး ၃၀၀ ဦးထွက်ခွာခဲ့ ကာ မြန်မာမော်တော်ယာဉ် ၅၅ စင်း ဝင်ရောက်ခဲ့ပြီး ၅၅ စင်း ပြန်လည် ထွက် ခွာသွားသည်ဟု ဖော်ြပထားသည်။

တချိန်တည်းတွင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား ၁၂ ဦးဝင်ရောက်ခဲ့ပြီး ၅ ဦး ထွက်ခွာသွားသည်ဟု ဖော်ြပထားသည်။

ထို့နောက် ထိုင်းနိုင်ငံသား ၄၀ ဦး ထွက်ခွာခဲ့ပြီး ၃၅ ဦး ပြန်လည်ဝင် ရောက်ခဲ့ကာ ထိုင်းမော်တော်ယာဉ် ၄ စင်း ထွက်ခွာပြီး ၄ စင်း ပြန်လည် ဝင်ရောက်ခဲ့သည်ဟု ဆက်လက်ဖော်ြပထားသည်။

ယင်းနယ်စပ်ဖြတ်သန်းတံတားကို မနက် ၆ နာရီခွဲအချိန်မှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်လှစ်ပေးသည်ဟု သိရှိရသည်။

SHARE THIS NEWS

OTHER NEWS