26 April 2024

ထိုင်းမှာ သားအရင်းဖြစ်သူက မိဘနှစ်ပါးရဲ့ ဦးခေါင်းကို ပုဆိန်ဖြင့် ပေါက်သတ်ပြီး ဓာတ်ဆီလောင်း မီးရှို့ အစဖျောက်ဖို့ ကြံရွယ်သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွား !

ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီခရိုင်မှာ အသက် ၃၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးက ဆေးကြောင်ပြီး မိဘနှစ်ပါးရဲ့ဦးခေါင်းကို ပေါက်တူးဖြင့် ပေါက်သတ်ကာ မီးရှို့ အစဖျောက်ဖို့ ကြံရွယ်တဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပွား ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ မိဘနှစ်ပါးကို သတ်ပြီး ရုပ်လောင်းကို ဓာတ်ဆီလောင်း မီးရှို့အစဖျောက်ဖို့ ကြံရွယ်နေစဉ်မှာ သမတ် တော်စပ်သူက လာမြင်သွားတာကြောင့် ပြစ်မှုကျူးလွန်သူ သူငယ်ချင်းအိမ်ကို တိမ်းရှောင်သွားစဉ် အရပ်သားတွေနဲ့ အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တယ် လို့သိရပါတယ်။

 

 

 

 

သမတ်ဖြစ်သူနဲ့ ရွာသားတွေပြောပြချက်အရ ပြစ်မှုကျူးလွန်သူဟာ ဆေးကြောင်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ခန့်က မိဘနှစ်ပါးထံက ပိုက်ဆံတောင်းတာမရလို့ ပြဿနာအကြီးအကျယ်ဖြစ်ခဲ့ ဖူးတယ် လို့ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူကို ရဲတွေက မူးယစ်ဆေးစစ်ခဲ့ရာ မူးယစ်ဆေးသုံးစွဲထားကြောင်းအဖြေထွက်ရှိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူကို ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာ ၎င်းဟာ မိဘ နှစ်ပါးနှင့် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ပြဿနာဖြစ်ထားတာကို အခဲမကျေ ဖြစ်ပြီး မိဘနှစ်ပါး အလုပ်သိမ်းချိန် ခြေရာခံ လိုက်သွားပြီး သတ်မိ ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS