27 April 2024

မြန်မာ-ထိုင်းနယ်စပ် ပရာကျွတ်ခီရီခမ်ခရိုင်မှာ ထိုင်းကို၀င်ရောက်ဖို့ ကြိုးစားနေတဲ့ တရားမ၀င် မြန်မာနိုင်ငံသား ၂၁၈ ဦး အဖမ်းခံရပါတယ်။ သူတို့တွေ ဖေဖော်၀ါရီလ ၁၉ ရက်မှာ ဖမ်းဆီးခြင်းခံရတာလို့ ဒေသတွင်းမီဒီယာများဖော်ပြချက်အရ သိရပါတယ်။

.

ဖေဖော်၀ါရီလ ၁၉ ရက်နေ့ မနက် ၁၂ ခွဲခန့်အချိန်မှာ ၈၁ ဦးကိုဖမ်းမိပါတယ်။ ၈၁ ဦးထဲမှာ အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၂၇ ဦးဖြစ်ပြီး၊ သူတို့ကို နောက်ခမ်းကျေးရွာ ကော့လတ်ကျေးရွာအုပ်စု ပရာကျွတ်ခီရီခမ်မြို့နယ် ပရာကျွတ်ခီရီခမ်ခရိုင်တွင်းမှာ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

.

နောက်တစ်အုပ်စုကိုတော့ ဖေဖော်၀ါရီ ၁၉ ရက် နံနက် ၃ နာရီခန့် အချိန်မှာဖမ်းမိတာပါ။ ၁၃၇ ဦးဖြစ်ပါတယ်။ အမျိုးသား ၉၀ ဦးနဲ့ အမျိုးသမီး ၄၇ ဦးဖြစ်ပြီး၊ သူတို့ကို ခေါင်တင်ကျေးရွာ အောင်နွဲ့ကျေးရွာအုပ်စု ပရာကျွတ်ခီရီခမ်မြို့နယ် ပရာကျွတ်ခီရီခမ်ခရိုင် ဖမ်းဆီးခြင်းခံလိုက်ရတာပါ။

 

 

စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံသားတွေမှာ ထိုင်းကိုလာဖို့ ၁ ဦးကို ၂၀၀၀၀ ကနေ ၂၅၀၀၀ ဘတ်အထိ လူမောင်ခိုသမားတွေကို ပေးခဲ့ရတယ်လို့ပြောပါတယ်။ ပွဲစားတွေက အာမခံနဲ့ပို့ပေးတယ်ပြောပေမယ့် ထိုင်း၀င်လာတဲ့နယ်စပ်မှာပဲ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံသား ၂၀၀ ကျော်မှာ ထိုင်းကို တရားမ၀င် ၀င်ရောက်လာမှုနဲ့ ကိုဗစ်၁၉ စည်းကမ်းချက်အရ ဆောင်ရွက်ပြီးလျင် ဥပဒေဆောင်ရွက်သွားမယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

 

 

ကိုချစ် (ဇွဲကပင်မြေ)

Photo – ศูนย์ประชาสัมพันธ์กองทัพบก

SHARE THIS NEWS

OTHER NEWS