5 May 2024

နာမည်ကျော်မော်တော်ကားများကိုထုတ်လုပ်ရန်အတွက် ဖို့ဒ်မော်တာကားထုတ်လုပ်ရေးကုမ္ပဏီကကန်ဒေါ်လာသန်း ၉၀၀ တိုးချဲ့ရင်းနှီးမြှုပ်နှံပြီး ထိုင်းနိုင်ငံရှိစက်ရုံကိုအဆင့်မြှင့်တင်မည်၊ အလုပ် အကိုင်အခွင့်အလမ်း ၁ ထောင်ကျော်ဖန်တီး။

 

အမေရိကန်အခြေစိုက်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဖို့ဒ် မော်တာ ကုမ္ပဏီသည် နာမည်ကျော်မော်တော်ကားများဖြစ်သော Ranger Pickup Truck နှင့် Everest SUV တို့ကိုထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာသန်း ၉၀၀ (ဘတ် ၃၀ ဘီလျံကျော်) တိုးချဲ့ရင်းနှီးပြီး ထိုင်းနိုင်ငံရှိစက်ရုံများကိုအဆင့်မြှင့်တင်မည်ဟုကြေညာထားကာ အဆိုပါ လုပ်ငန်းတိုးချဲ့မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၁၂၅၀ ဖန်တီးပေးနိုင်မည်ဟု သိရသည်။

 

 

ယင်းတိုးချဲ့ရင်းနှီးမြှုပ်နှံမှုမှ ကန်ဒေါ်လာသန်း ၄၀၀ ခန့် (ဘတ် ၁၃ ဘီလျံကျော်) သည် ကုမ္ပဏီ၏Supply Chain တွင်အသုံးပြုမည်ဟု ဖော်ပြထားသည်။

 

ထိုင်းနိုင်ငံသည် တိုယိုတာနှင့်ဟွန်ဒါမော်တော်ကားထုတ်လုပ်သည့်အဓိကနိုင်ငံဖြစ်ပြီး အာရှတွင် စတုတ္ထအကြီးမားဆုံးမော်တော်ကားထုတ်လုပ်သည့်နိုင်ငံဖြစ်ကာ မော်တော်ကားထုတ်လုပ်ရေးကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းအထိမြင့်မားသည်ဟု သိရသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS