3 May 2024

ဘိုလိုနာအသားပြားအမှတ်တံဆိပ်တွင် သတ်မှတ်ထားတဲ့ပမာဏထက် “benzoic အက်စစ် ” တွေ့ရှိရတာ ကြောင့် အစားအသောက်စိစစ်ချက်ရလဒ်များကို FDA က အန္တရာယ်ရှိသောအစားအစာဖြင့် ထုတ်ပြန်ကြေညာ ထားပြီး ဝမ်းလျှောခြင်းအန္တရာယ် ၊ အသည်းနှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုပါထိခိုက်စေနိုင်တာ ကြောင့် မစားရန်သတိပေးခဲ့ပါတယ်။

ဘိုလိုနာအသားပြားကိုထုတ်လုပ်သည့် D.D. Sausage Limited Partnership ကုမ္ပဏီသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမှတ် ၆၂၉၊ အွန်နုလမ်း၊ ပရာဝေ့မြို့နယ် တွင်တည်ရှိပြီး အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန (FDA) မှာဝင်ရောက်စစ်ဆေးခဲ့ပြီး ဘိုလိုနာအသားပြားများကို ဆေးသိပ္ပံဌာနတွင်စစ်ဆေးခဲ့ ပါတယ်။ ဘိုလိုနာအသားပြားအထုတ်ပုံစံသည် အဝိုင်းပုံပန်းသဏ္ဍာန် နဲ့ အသားပြားရဲ့အရောင်မှာပန်းရောင် ဖြစ်ပါတယ်။ တစ်ထုပ်လျှင် ၁ကီလိုဂရမ်ပါပြီး အိတ်ကိုဝါယာကြိုးဖြင့်ချည်ထားပါတယ်။

ဆေးစစ်ဆေးချက်အရ ဘိုလိုနာအသားပြား ၁ကီလိုဂရမ်တစ်ထုတ်လျှင် benzoic အက်စစ် (2,193 မီလီဂရမ်) တွေ့ရှိခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ဘေးကင်းမှုစံနှုန်းထက်ကျော်လွန်ပြီး ကျန်းမာရေးကိုထိခိုက်နေတာကြောင့် အန္တရာယ်ရှိသောအစားအစာဖြင့်သတ်မှတ်ထားပါတယ်။ အန္တာရာယ်ရှိသောအစားအစာများကိုထုတ်လုပ်ရောင်း ချခြင်းကြောင့် ၂ နှစ်ထက်ပိုသောထောင်ဒဏ် ( သို့မဟုတ် ) ဘတ် ၂၀၀၀၀ ထက်ပိုသောငွေဒဏ် ( ဒါမှမဟုတ် ) ထောင်ဒဏ်ရော ငွေဒဏ်ပါချမှတ်ခံရမှာဖြစ်ပါတယ်။

စားသုံးသူများအနေဖြင့် ကိုယ်ဝယ်စားမည့်အစားအစာများကို မဝယ်စားရင် ထုတ်လုပ်မှုရက်စွဲနှင့် သက်တမ်း ကုန်ဆုံးရက်တွေကိုသေချာကြည့်ပြီး ဝယ်ကြရန်နှင့် ဘိုလိုနာအမှတ်တံဆိပ် အသားပြားလိုမျိုး benzoic အက်စစ် လွန်ကဲသောအစားအစာများကိုဝယ်စားမိလျှင် ခန္ဓာကိုယ်တွင် အဖုများ (သို့မဟုတ် ) ဝမ်းပျက်ကာ ၊ အသည်း နှင့် ကျောက်ကပ်လုပ်ငန်းဆောင်တာများကိုထိခိုက်စေနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS