27 April 2024

,

လတ်တစ်လောထိုင်းနိုင်ငံက စာသင်ကျောင်းရှေ့တွေမှာရောင်းတဲ့ ရယ်ဒီမိတ်အသားလုံးကြော်(လု့ချင်း) စားမိတဲ့ ကလေးသူငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာကြောင့် ထိုင်း FDA မှကလေးသူငယ်တွေ စားသုံးမိတဲ့ အစားအသောက်လာရာ လမ်းကြောင်း ကိုစစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိဘဲ ထုတ်လုပ်နေတဲ့ ချွန်ဘူရီခရိုင်ရှိ ရယ်ဒီမိတ်အသားလုံး(လု့ချင်း) စက်ရုံတစ်ခုကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

 

အဆိုပါစက်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ချိန်တွင် FDA မှတ်ပုံတင်ထားခြင်းမရှိဘဲထုတ်လုပ်တဲ့ ရယ်ဒီမိတ်အသားလုံး(လု့ချင်း) တံဆိပ်ပေါင်း ၃၂ ခုကို တွေ့ရှိ ခဲ့ပါတယ်။

 

အခြေအနေမကောင်းတော့တာကို ရိပ်ကဲမိတဲ့ ချွန်ဘူရီခရိုင်ရှိ ရယ်ဒီမိတ်အသားလုံး(လု့ချင်း) စက်ရုံပိုင်ရှင်ဟာ အာဏာပိုင်တွေ ဝင်ရောက်မစစ်ဆေးမီ ၃-၄ ရက်ခန့်လောက်ကတည်းက စက်ရုံတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး တိမ်းရှောင်နေ ပါတယ်။

 

အဲဒီထပ်အံ့သြစရာကောင်းတာက စက်ရုံထဲမှာ ထုတ်လုပ်တဲ့ ရယ်ဒီမိတ်အသားလုံး(လု့ချင်း)‌ တွေကို ထုတ်လုပ်ရာမှာ စံဖေါ်မျူလာ တစ်ခုမှ မထားရှိဘဲ ကြာရှည်ခံဓာတုမှုန့်တွေကို  သင့်လျော်သလို အလုပ်သမားတွေကို ရောစပ်ခိုင်းထားတာ ဖြစ်တယ်လို့ အဲဒီအလုပ်ရုံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်သမားဟောင်း တစ်ဦးကပြောပါတယ်။

 

အဆိုပါ FDA မှတ်ပုံတင်ထားခြင်းမရှိတဲ့ ရယ်ဒီမိတ်အသားလုံး(လု့ချင်း) တွေကို အများအားဖြင့် ကုန်စိမ်းဈေး၊ စက်ရုံအလုပ်ရုံရှေ့ အစသဖြင့် နေရာတွေမှာ ဈေးတော်တော်နဲ့ရောင်းချလေ့ရှိကြတာဖြစ်တယ်လို့သိရပါတယ်။

 

ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့လည်း ဈေးတော်တဲ့ ရယ်ဒီမိတ်အသားလုံး(လု့ချင်း) တွေ ဝယ်တော့မယ်ဆိုရင် FDA အမှတ်တံဆိပ်ပါမပါ စစ်ဆေးကြဖို့နှင့် ပုံမှာပေါ်ပြပါ တံဆိပ် ၃၂ မျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေးလိုက်ပါတယ်။

เรื่องฮอตในรอบสัปดาห์

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့်

SHARE THIS NEWS

OTHER NEWS