27 April 2024

ဇွန် ၁၆ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ချချုံဆောင်ခရိုင်တွင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသားတစ်ဦးမှာ အူတက်ပေါက်ရောဂါပြင်းပြင်းထန်ထန်ခံစားနေရ၍ ဆေးရုံကိုသွားနေတဲ့စပ်ကြား ကားပေါ်မှာထိုင်လျှက်ဖြင့် သေဆုံးခဲ့ဟု သိရ…….

 

 

ထိုင်းနိုင်ငံ ချချုံဆောင်ခရိုင်တွင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသားတစ်ဦးမှာ အူတက်ပေါက်ရောဂါကိုပြင်းပြင်းထန်ထန်ခံစားနေရ၍ ဆေးရုံကိုသွားနေတဲ့စပ်ကြားမှာ ကားပေါ်မှာထိုင်လျှက်ဖြင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

 

ဇွန်လ ၁၅ ရက်နေ့ ၂၀၂၂ ညနေ ၆ နာရီအချိန်မှာ ခလောင်လွန်းဖဲ့ကျေးရွာအုပ်စု၊ မူ-၁၄ စင်းထောင်အဆောင်ရှေ့တွင် လူတစ်ဦးကားပေါ်တွင်သေဆုံးနေသည်ဟု သတင်းရရှိပြီးနောက် ချချုံဆောင်မြို့နယ်ရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိ ရဲဗိုလ်ကြီး ဝေါ်ရထ ရူယန်ရစ် ကအခင်းဖြစ်ပွားရာနေရာသို့ အားချင်းသွားရောက်စစ်ဆေးခဲ့ပါတယ်။

 

 

အခင်းဖြစ်တဲ့နေရာသို့ရောက်ရှိသွားချိန်တွင် လိုင်စင်နံပါတ်ပြားအမှတ် ကော်ကျော် ၆၄၂၀ စူဖန်ဘူရီ (กจ 6420 สุพรรณบุรี) ရှိ တိုယိုတာ ဗီအော့ အနက်ရောင်စလွန်းကားတစ်စင်းထဲတွင် အသက် ၃၂ နှစ်ရှိသူ မင်းမင်းဦး သည် မျက်လုံးဖွင့်၍ ထိုင်လျက်အနေအထားဖြင့် သေဆုံးနေတာကို တွေ့ရပါတယ်။

မင်းမင်းဦး အသက်မသေဆုံးမီ ဗိုက်အရမ်းနာနေပေမယ့်၊ဆေးရုံမသွားဘဲတောင့်ခံနေခဲ့ပြီး၊ နောက်ဆုံးတွင်မခံနိုင်တော့၍ဆေးရုံလိုက်ပို့ပေးရန် အဆောင်သားများကိုအော်ပြီးအကူအညီတောင်းလာတော့ ဆေးရုံသို့လိုက်ပို့ရန်အဆောင်ပေါ်မှဆင်းလာစဉ် အဆောင်ရှေ့တွင်ပျို့အန်ကြောင်း၊ ကားပေါ်တက်ပြီးတခဏတွင်အသက်သေဆုံးသွားခဲ့ပါတယ်။

ကနဉီး တွင် အူအတက်ပေါက်သည်ဟုခန့်မှန်းရကြောင်း၊အလောင်းကိုရင်ခွဲစစ်ဆေးရန်ချချုံဆောင် ကယ်ဆယ် ရေးအဖွဲ့က ဗုဒ္ဓသိုလ်တော်ဆေးရုံသို့ပို့ဆောင်ထားကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးကဆိုပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ * เอ วินเวียน, กู้ภัยฉะเชิงเทรา

SHARE THIS NEWS

OTHER NEWS