12 May 2024

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၂

တရားမဝင်မြန်မာ ၁၀ ဦးတင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို ကျေးရွာလုံခြုံရေးအဖွဲ့ ပစ်ခတ်လိုက်တာကြောင့် ကားပေါ်မှာပါလာတဲ့ မြန်မာ ၁ ဦးသေဆုံးပြီး၊ ၁ ဦးကဒဏ်ရာရသွားခဲ့ပါတယ်။ သေဆုံးနေတဲ့ မြန်မာလုပ်သားအလောင်းကို ၁၀ နာရီကျော်အကြာလောက်မှ ကယ်ဆယ်ရေးတွေသွားရောက်ကူညီပေးနိုင်ခဲ့တာပါ။

 

 

အခင်းဖြစ်ပွားတဲ့နေရာက ထိုင်း-မြန်မာနယ်စပ် ကျန်ကျနဘူရီခရိုင် ဆိုင်ယို့မြို့နယ် ဇန်နဝါရီလ ၂၈ ရက် ည ၁၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာလို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ သံသယဖြစ်စရာ ကားတစ်စီးကို စစ်ဆေးဖို့ ရပ်ခိုင်းတာကို မောင်ပြေးခဲ့လို့ ကျေးရွာလုံခြုံရေးက ပစ်ကားကို ၅ ချက်လောက်ပစ်လိုက်တာကြောင့် အထဲမှာပါလာတဲ့သူတွေကိုထိမှန်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

 

ပစ်ခတ်ခံရပြီး သေဆုံးသူထဲမှာ မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီး သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး အတွင်းလူနာအဖြစ် ကန်ချနဘူရီခရိုင် ဆိုင်ယို့မြို့နယ်ဆေးရုံကို ပို့ဆောင်ကုသမှု ခံယူနေရတယ်လို့ ထိုင်ရတ်သတင်းမှာဖော်ပြထားပါတယ်။

 

 

ပစ်လိုက်တဲ့သေနတ်အမျိုးအစားမှာ M16 လို့သိရပါတယ်။ သေဆုံးသူရဲ့ ဦးခေါင်းကိုထိမှန်သွားလို့ ကားထဲမှာအသားစတွေ ပြန့်ကြဲနေတယ်လို့သိရပါတယ်။ သေနတ်သမားကိုတော့ ဆိုင်ယို့မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တ်ိုင်က သူရဲ့ကျေးရွာလုံခြုံရေး အဖွဲ့ဝင်တဦးကို ခေါ်ယူပြီး ရဲစခန်းမှာ လာရောက်အပ်နှံခဲ့ပြီး ကနဦးမှာ အမှု ၂ နှစ်ခုနဲ့ စွဲဆိုထားပါတယ်။

 

 

ထိုင်း-မြန်မာနယ်စပ် ကန်ကျနဘူရီခရိုင်ထဲမှာ နေ့စဉ် အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံနေရပြီး ဇန်နဝါရီလ တလတည်းမှာပဲ လူဦးရေ ၄,၀၀၀ ဝန်းကျင်လောက် ဖမ်းဆီးခံနေရတယ်လို့ မြန်မာသတင်းတွေက ဖော်ပြထားပါတယ်။

 

SHARE THIS NEWS

OTHER NEWS