7 May 2024

၃ ချောင်းမြောက် အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးနောက် အသည်းဓာတ်မတည့်၍ ထိုင်းအမျိုးသားတစ်ဦး မျက်လုံးအဝါရောင်ပြောင်း။

ထိုင်းအမျိုးသားတစ်ဦး ၃ ချောင်းမြောက် ကိုဗစ်-၁၉ အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးနောက် အသည်းဓာတ်မတည့်မှုဖြစ်ပြီး သူ၏မျက်လုံးနှစ်ဖက်စလုံးအဝါရောင်ပြောင်းလဲသွားသည့်အကြောင်းကို သူ၏ TikTok တွင်မျှဝေခဲ့သည်ဟု သိရသည်။

၎င်း၏ဗီဒီယိုကိုလူစိတ်ဝင်စားမှုများခဲ့ပြီး ဝင်ရောက်ကြည့်ရှုမှု ၃.၅ သန်းအထိ မြင့်မားခဲ့သည်ကို တွေ့ရသည်။

ဆေးရုံတွင် ၄ ရက်ကြာဆေးကုသမှုခံယူပြီးနောက် ၎င်း၏မျက်လုံးများပြန်လည်သက်သာလာကြောင်းဆက်လက်ဖော်ပြခဲ့ပါတယ်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS