11 May 2024

၂ နှစ်ကျော်ကြာပိတ်ထားတဲ့ ထိုင်းနယ်စပ်ဂိတ်တွေ ဖွင့်ပေးဖို့သက်ဆိုင်ရာတွေဘက်က ပြင်ဆင်နေကြပေမယ့် တဖက်မှာလဲ တရားမဝင် ဝင်ရောက်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။

 

 

အလုပ်ရှာဖွေနေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် တရားမဝင် ဝင်ရောက်လာ နေကြဆဲ ဖြစ်ပါတယ်။ မေလ ၁ ရက်ကနေ ၆ ရက်အထိ နယ်စပ်ဒေသ ၄ ခုကနေ ဝင်လာတဲ့ အထောက် အထားမဲ့မြန်မာ ၄၀၀ ဝန်းကျင်လောက်လည်း အဖမ်းခံထားရပြီဖြစ်ပါတယ်။

 

 

ထိုင်းမြန်မာနယ်စပ်တွေက တံတားတွေ ပြန်ဖွင့်ဖို့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံလုံးက ပြင်ဆင်ဆွေးနွေးနေကြပါတယ်။ ဒီလိုအချိန်မှာပဲ ပြည်တွင်း နိုင်ငံရေးနဲ့စီးပွါးရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှာဖွေလိုသူ မြန်မာတွေဟာ ထိုင်းမြန်မာ နယ်စပ်အသီးသီး ကနေ အစုလိုက်၊ အပြုံလိုက် အထောက်အထားမဲ့ဝင်ရောက်လာနေကြကြောင့် နေ့စဉ်လိုလို အဖမ်း ခံနေကြရတာပါ။

 

 

မေလ ၃ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မဲဆိုင်ဘက်မှာ တရားမဝင်မြန်မာ ၃၃ ယောက် ဝင်တယ်။ မေလ ၂ ရက်နေ့ကက ထိုင်းနဲ့မွန်နယ်စပ်၊ ကမ်ချနဘူရီခရိုင်မှာ  တရားမဝင် မြန်မာ ၅၇ ယောက်ဝင်ပါ တယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခမ်ခရိုင်ဘက်က ၉၈ ယောက်နဲ့ တာ့ခ်ခရိုင် ၀မ်ကျောင့်မြို့နယ်တွင်းမှာ  တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်‌ရောက်လာတဲ့ ၁၅၀ ကျော်ကိုအဖမ်းခံရတယ်လို့ သိရပါတယ်။

 

 

မြန်မာနိုင်ငံဖက်မှ တရား၀မ၀င် နယ်စပ်ဖြန်ကျော်၀င်ရောက်လာသည့် မြန်မာလူမျိုး ကျား (၈၃) ဦး၊ မ (၇၃) ဦး စုစုပေါင်း (၁၅၆) ဉီးတို့ကို သက်ဆိုင်ရာများက ကား (၁၂) စီးဖြင့် သုံးပြုပြီး ပွဲစားတွေကခေါ်ဆောင်လာကြတာဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလတွေအတွင်းမှာတော့ အထောက်အထားမဲ့မြန်မာ တသောင်း ဝန်းကျင် လောက် အဖမ်းခံခဲ့ရပြီး မတ်လထဲမှာ ၁,၀၀၀ ကျော် အဖမ်းခံခဲ့ရတာပါ။ ဧပြီလအတွင်း မှာလည်း ၁,၇၀၀ ကျော်လောက် အဖမ်းခံခဲ့ရတယ်လို့ အလုပ်သမားအရေးလှုပ်ရှားနေတဲ့သူတွေကပြောပါတယ်။

 

 

အခုအခါမှာတော့ ထိုင်းနိုင်ငံဘက်က လုံခြုံရေး တင်းတင်းကြပ်ကြပ်ချပြီး ဖမ်းဆီးစစ်ဆေးနေတာပါ။ အဖမ်းအဆီးတွေ များနေပေမယ့် လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက်ရှိနေဆဲဖြစ်လို့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

Andrew KC ဇွဲကပင်မြေ

ဓါတ်ပုံ – กองทัพบก

SHARE THIS NEWS

OTHER NEWS