26 April 2024

သြဂုတ် ၂၆ ရက်၊ ၂၀၂၂

မြိုင်မြို့နယ်တွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားနောက် နေအိမ်ပေါင်း ၁၂၀ ကျော်မီးလောင်ဖျက်ဆီးသွားတယ်လို့ Myaing’s Hero Generation ကဖော်ပြထားပါတယ်။ ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးနေတဲ့အလောင်းတွေကိုတော့ ရွာထဲမှာမြုပ်ထားပြီး အရေအတွက်တော့ မသိရသေးဟု ဖော်ပြချက်တွင် သိရပါတယ်။

 

 

PDF တွေကိုဝင်တိုက်တဲ့ စစ်တပ်က အင်အား ၁၀၀ ကျော်ပါတယ်။ PDF ဘက်ကလဲ ၆ ယောက်လောက်ကျဆုံးသွားပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်း စစ်တပ်ကရွာထဲကို အလုံးအရင်းဝင်ရောက်လာလို့ PDF တပ်သားတွေ ရွာကိုစွန့်ခွာခဲ့ရပါတယ်။

 

 

အဲဒီနောက် စစ်တပ်သားတွေဟာ ရွာသုံးရွာထဲမှာရှိတဲ့ အိမ်ခြေပေါင်း ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ သဒွတ်ရွာ၊ ပေါက်ခေါင်းရွာ အပါဝင် ကျေးရွာပေါင်း လေးငါးခုကဒေသခံတွေမှာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပြီး၊ နေအိမ်တွေ မီးရှို့ခံရတာဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

Photo: Myaing’s Hero Generations PDF

SHARE THIS NEWS

OTHER NEWS