26 April 2024

———————————–

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၃

လွန်ခဲ့တဲ့ရက်အနည်းငယ်က ယာဥ်တိုက်မှုဖြစ်ပြီး သေဆုံးသွားတဲ့ မြန်မာလုပ်သား THANT ZIN TUN ရဲ့ အင်္ဂါအစိတ်အပိုင်းများကို ကျန်ရစ်သူမိသားတွေက ထိုင်းနိုင်ငံအနောက်ပိုင်း ရတ်ချဘူရီခရိုင်ရှိ ဆေးရုံမှာအလှူတန်းပြုလုပ်ပေးခဲ့ပါတယ်။

ယာဥ်တိုက်ခံရပြီးနောက် သေဆုံးသွားတဲ့ THANT ZIN TUN ဟာ အသက် ၂၉ နှစ်ပဲရှိပါသေးတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ သူမောင်းနှင်လာတဲ့မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်မော်တော်ကားတိုက်မိပြီနောက် သူ့ကို ပါထော့ဆေးရုံမှာကုသပေးပေမယ့် မေ့မြောနေတဲ့ အခြေအနေကနေရှိနေသေးတာကြောင့် ခရိုင်အဆင့်ဆေးရုံကိုပို့ဆောင်ကုသပေးခဲ့ပါတယ်။

အဲဒီဆေးရုံကိုရောက်လာပြီး ဆရာဝန်တွေက ဦးနှောက်ကိုဓာတ်မှတ်ရိုက်တယ်။ လည်ပင်းရိုးကိုစစ်ဆေးမှုဆောင်ရွက်ခဲ့တယ်။ ဆရာဝန်တွေပြောပြချက်ရ “လူနာရဲ့ လည်ပင်းအထက်ပိုင်းအရိုးနေရာတွေ ပုံစံတွေပျက်နေတယ်။ အဲဒီအတွက်လူနာဟာ အချိန်တိုအတွင်းမှာ ပြင်းထန်တဲ့ဝေဒနာကိုခံစားရဖွယ်ရှိလာနိုင်တယ်ပါ” ဆိုပါတယ်။

အဲဒီနောက် THANT ZIN TUN ရဲ့အခြေနေကို သိနေတဲ့ဆရာတွေများဟာ ဆေးရုံဆရာဝန်အဖွဲ့က လူနာ၏မိဘဆွေမျိုးများထံဆက်သွယ်ပြီး ကိုယ်အင်္ဂါအလှူခံဖို့ဆက်သွယ်အသိပေးခဲ့ပါတယ်။

THANT ZIN TUN အသက်ရှင်တုန်းကလဲ ခွင့်ကြုံခဲ့လျှင် သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းပေးရန် မိသားစုကို ပြောခဲ့ဖူးတာရှိတာကြောင့် သူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဆရာဝန်တွေရဲ့တောင်းဆိုချက်ကို မိသားစုတွေက လိုက်လျောခဲ့ပါတယ်။

THANT ZIN TUN လှူတန်းပေးခဲ့တဲ့ အစိတ်အပိုင်းတွေမှာတော့ မျက်လုံးတစ်စုံနှင့် အရိုးနှင့်တစ်ရှူး ၁၁ ခုလို့သိရပါတယ်။ မျက်လုံးတစ်စုံတော့ ထိုင်းကြက်ခြေနီအဖွဲ့ချုပ်ထံမှာအလှူပေးခဲ့ပြီး၊ အရိုးနှင့်တစ်ရှူးများကို မြို့တော်ဗန်ကောက်ရှိ တော်ဝင်ဇီဝတစ်ရှူးဌာနထံမှာ လှူဒါန်းပေးခဲ့ပါတယ်။

မြန်မာလုပ်သား THANT ZIN TUN ရဲ့လှူတန်းပေးလိုက်တဲ့ အင်္ဂါ ၁၃ ခုမှာ ထိုင်းနိုင်ငံသား ၁၃ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ သူ့ရဲ့ကောင်းမှုကုသိုလ်ကိုလဲ ခရိုင်ဆေးရုံက ကျန်ရစ်သူမိသားစုများထံ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS