26 April 2024

မြန်မာပြည်ကုန်စျေးနှုန်းတွေဟာ ၃ ဆလောက်တက်သွားပါတယ်။ ဒါကြောင့်နယ်ကနေလာပြီး ရန်ကုန်မြို့ကြီးတွေမှာ အလုပ်လုပ်နေတဲ့သူတွေမှာ အိမ်ကိုမထောက်ပံ့နိုင်ကြတော့ပါဘူး။ အခုလဲစက်ရုံအလုပ်ရုံအလုပ်သမားတွေမှာ မလောက်မင နဲ့ ဖြတ်သန်းနေရတဲ့အပြင် လမ်းပျောက်နေကြရပြီဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ အထည်ချုပ်အလုပ်သမားပေါင်း ၂၁၄၈၉၅ ဦးရှိတယ်လို့ ဘီဘီစီ ကဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး တစ်ရက်စာနေ့စားခ ၄၈၀၀ ကျပ်ရရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာလဲ ၄၈၀၀ ကျပ်ကနေမတက်သေးဘူးလို့ သိရပါတယ်။

ပြည်တွင်းရှိစက်ရုံအချို့မှာလဲ အချိန်ပိုပိုင်းလျှော့လာလို့အလုပ်သမားတွေဝင်ငွေကျဆင်းသွားသွားခဲ့ရပါတယ်။ စက်ရုံကသတ်မှတ်တဲ့ စံချိန်ပြည့်မီအောင် မလုပ်နိုင်ရင်လစာထဲက ပိုက်ဆံဖြတ်တောက်တာ၊ တနင်္ဂနွေနေ့မှာ လုပ်အားခအချိန်ပိုကြေးမရဘဲ ဆင်းပေးရတာမျိုးတွေရှိနေတယ်လို့ Migrant Times ကဖော်ပြထားပါတယ်။

စက်ရုံလုပ်သားတွေအနေနဲ့ လက်ရှိရတဲ့လစာဟာ စား၊ဝတ်နေရေးဖြေရှင်းဖို့ အဆင်မပြေတာကြောင့် လုပ်ခလစာတိုးပေးဖို့တောင်းဆိုတဲ့နေရာမှာလဲ အလုပ်ကနေထုတ်မယ်လို့ ခြိမ်းခြောက်ခံနေရတာတွေရှိနေတယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ပြည်တွင်းမှာအဆင်မပြေတော့လို့ ပြည်ပမှာအလုပ်တစ်ခုရဖို့အတွက် ခရီးစရိတ်တတ်နိုင်သူတွေက တရားဝင်သွားနေတာရှိသလို၊ အတိုးနဲ့ယူပြီး တရားမဝင်လမ်းကြောင်းကနေသွားနေကြတာလဲရှိပါတယ်။

တိုင်းတစ်ပါးကိုသွားကြတဲ့သူတွေမှာ ရောင်းစားခံနေရတဲ့သူတွေရှိသလို၊ မတော်တဆဖြစ်ပွားပြီး အသက်ဆုံးရှုံးရတဲ့ဖြစ်စဥ်မျိုးလဲသတင်းတွေမှာတွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်ရဲ့အခြေအနေဟာ နောက်ဆုံးမှာကျန်နေခဲ့ပြီးလို့ ပြောဆိုငြီးထွားနေကြပါတယ်။

ကိုချစ် ဇွဲကပင်မြေ
(လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံလုပ်သားအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

BBC နှင့် Migrant Times သတင်းတွေကို ကိုးကားဖော်ပြထားပါသည်။

SHARE THIS NEWS

OTHER NEWS