3 May 2024

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ “နိုက်ထရိုဂျင်အရည်များ” ပါ၀င်သော အငွေ့ထွက်ကော့တေးလ် သည် မမျှော်လင့်ဘဲ အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပါတယ်။ အစာမစားမီ နိုက်ထရိုဂျင်အခိုးအငွေ့ လုံးဝအငွေ့ ပျံသွားတဲ့အထိစောင့်ဆိုင်းရန် အကြံပြုထားပါတယ်။

နိုက်ထရိုဂျင်ပါဝင်သောအဆာပြေမုန့်များစားပြီးနောက် ကလေးများဖျားနာနေကြောင်း အင်ဒိုနီးရှားအစိုးရက သတိပေးခဲ့ပါတယ်။ ပါးစပ်ထဲထည့်ပြီးနောက် မီးခိုးဖြူငွေ့များထွက်လာတဲ့မုန့် (ခေါ်) အငွေ့ထွက်ကော့တေးလ် တွင် မထင်မှတ်ထားတဲ့အန္တရာယ်များရှိကြောင်း FDA မှ ပြောကြားခဲ့ပါတယ်။ စားသောက်ခြင်း၊ ထိတွေ့ခြင်း (သို့မဟုတ်) နိုက်ထရိုဂျင်အရည် တိုက်ရိုက်ရှူရှိုက်ခြင်းတို့ကိုရှောင်ကြဉ်ရန် တောင်းဆိုထားပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝိတ်စရစ်ဒီချိုင်းကူ က အင်ဒိုနီးရှားအစိုးရအနေဖြင့် စားသုံးရန်အသင့်ရှိသော အစားအစာများတွင် နိုက်ထရိုဂျင်အရည်ကို သတိထား ပြီးအသုံးပြုကြဖို့ ပြောကြားခဲ့ပါတယ်။ ကလေးငယ်များသည် ပါးစပ်မှမီးခိုးဖြူများထွက်လာသည့် သရစာမုန့်ကို စားပြီးနောက်ပိုင်း ဗိုက်ပူကာဝမ်းလျှောလာကြကြောင်းတွေ့ရှိပြီးနောက် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) သည် အသင့်စားအစားအစာများတွင် နိုက်ထရိုဂျင်အရည်အသုံးပြုမှုများနှင့်ပတ်သက်ပြီးစိုးရိမ်ပူပန် လျက်ရှိနေကြပါတယ်၊။ မီးခိုငွေ့များထွက်လာသည့်မုန့် အသစ်အဆန်းများကိုဖန်တီးပြီး အစားအစာဝယ်စားသူ များကို ဆွဲဆောင်နိုင်ဖို့အတွက် နိုက်ထရိုဂျင်အရည်များကိုအသုံးပြုခဲ့ကြပါတယ်။ မုန့်အပါအဝင် ရေခဲမုန့်တွေ မှာလဲ အသုံးပြုနေကြပါတယ်။

သို့သော်စားသုံးသူများအနေဖြင့် သတိထားရမည့် ကျန်းမာရေးဝန်ကြီးဌာနက 2547 ခုနှစ်တွင်ထုတ်ပြန်ထားတဲ့ ( ဥပဒေအမှတ်ချက် 281) အရအရည်အသွေးပြည့်မီသောနိုက်ထရိုဂျင်အရည်ကိုသာသုံးစွဲရန်လိုအပ်ပါတယ်။ နိုက်ထရိုဂျင်အရည်အလွန်အကျွံသုံးစွဲကြောင်းတွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ 2563 ခုနှစ် တွင်ထုတ်ပြန်ထားတဲ့ ( ဥပဒေအမှတ်ချက် 418 ) တွင်သတ်မှတ်ထားသည့်သုံးစွဲမှုအခြေအနေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ၊ မသန့်ရှင်းသောအစားအစာများကို ရောင်းချခြင်း ၊ ထုတ်လုပ်ခြင်းဟုယူဆပြီး ၂နှစ် ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ် ) ဘတ် ၂၀၀၀၀ ထက်ပိုသော ငွေဒဏ် ၊ ဒါမှမဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ပါနှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမှာဖြစ်ပါတယ်။

စားသုံးများအနေဖြင့် ကျေးဇူးပြု၍ စားခြင်း ၊ ထိတွေ့ခြင်း (သို့မဟုတ် ) တိုက်ရိုက်ရှူရှိုက်ခြင်းတို့ကိုရှောင် ကြဉ်ပါ။ မထင်မှတ်ဘဲ အန္တရာယ်ကျရောက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ နိုက်ထရိုဂျင်အရည်သည်အပူချိန် အလွန်နိမ့်တာကြောင့် အရေပြား (သို့မဟုတ် ) တစ်ရှူးများနှင့် ထိတွေ့မိပါက အရေပြားမှအပူကိုစုပ်ယူပါတယ်။ လျင်မြန်စွာ အငွေ့ပျံပြီး အအေးလွန်ကဲခြင်းကြောင့် အရေပြားနှင့်တစ်ရှူးများကိုပျက်စီးပြီး ရှူသွင်းမိပါက သတိလစ်ခြင်းကိုပါဖြစ်စေနိုင်ပါတယ်။ နိုက်ထရိုဂျင်ပါသောအစာများကို စားသုံးခြင်းမပြုမီ နိုက်ထရိုဂျင်အရည် ၏မီးခိုးငွေ့များလုံးဝအငွေ့ပျံ့သွားအထိစောင့်ပြီးမှ စားသုံးပါ။ စားသုံးသူများ အနေဖြင့် အစားအသောက်များ၏ အရည်အသွေး (သို့မဟုတ်) စားသုံးရန်မလုံခြုံသော စံချိန်မမီသော ကျန်းမာရေးထုတ်ကုန်များ တွေ့ရှိပါက 1556 Line @FDAThai, Facebook FDAThai (သို့မဟုတ် ) ပြည်သူ့ကျန်းမာရေးရုံးများသို့တိုင်ကြားနိုင်ပါ တယ်။

SHARE THIS NEWS

OTHER NEWS